ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး Global Elim Foundation (GEF) Scholarship Award ပေးအပ်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး Global Elim Foundation (GEF) Scholarship Award ပေးအပ်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်





ဆိုးလ်၊ သြဂုတ် ၂၁

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၁-၈-၂၀၂၅ ရက်နေ့တွင် ဆိုးလ်မြို့၌ ကျင်းပသည့် Global Elim Foundation (GEF) မှ 2025 Fall Semester အတွက်ပေးအပ်သည့် Global Elim Foundation (GEF) Scholarship Award ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ 

အဆိုပါအခမ်းအနားသို့ ပညာသင်ဆုရရှိခဲ့ကြသူများ၏ မိခင်နိုင်ငံများမှ သံအမတ်ကြီးများ ပါဝင်တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် Global Elim Foundation (GEF) ဥက္ကဋ္ဌ Dr. Lee Yong –hoon က ဂုဏ်ပြုအဖွင့် မိန့်ခွန်းပြောကြားခဲ့ပြီးနောက် မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံမှ ကျောင်းသား/သူ (၃) ဦး အပါအဝင် ကိုရီးယားသမ္မတနိုင်ငံတွင် ပညာသင်ကြားလျက်ရှိသည့် နိုင်ငံပေါင်း (၁၉) နိုင်ငံမှ ထူးချွန် ကျောင်းသား/သူ (၃၉) ဦးအား ပညာသင်ဆုများပေးအပ်ခဲ့သည့်အတွက် Global Elim Foundation အား လွန်စွာကျေးဇူးတင်ရှိကြောင်း၊ ပညာသင်ဆုများရရှိခဲ့သည့် ကျောင်းသား/သူများအတွက်လည်း လွန်စွာဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် လူငယ်များအနေဖြင့် မိမိတို့၏ အနာဂါတ်ပန်းတိုင်များကို ရည်မှန်းချက်မြင့်မြင့်မားမားထားကာ လျှောက်လှမ်းသွားရန်နှင့် အနာဂါတ်တွင် မိမိတို့၏ အဖွဲ့ အစည်းကို စေတနာထားကာ အကျိုးပြုသွားကြရန် တိုက်တွန်းခဲ့သည်။ 

ယင်းနောက် Global Elim Foundation (GEF) ဥက္ကဋ္ဌ Dr. Lee Yong –hoon မှ ပညာသင်ဆုရ ကျောင်းသား/သူ (၃၉) ဦးအား  ပညာသင်ဆုကြေးငွေများ အသီးသီးပေးအပ်ခဲ့သည်။ 

ထို့နောက် မြန်မာသံအမတ်ကြီးသည် GEF မှ တာဝန်ရှိသူများ၊ တက်ရောက်လာကြသည့် အခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ ပညာသင်ဆုရ ကျောင်းသား/သူများနှင့်အတူ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

ယင်းနောက် မြန်မာသံအမတ်ကြီးသည် Global Elim Foundation ဥက္ကဋ္ဌ၊ ဖိတ်ကြားထားသော သံအမတ်ကြီးများ၊ ပညာသင်ဆုရရှိသည့် ကျောင်းသား/သူများနှင့်အတူ နေ့လယ်စာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)