ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်သည် အာဆီယံတည်ထောင်ခြင်း (၅၈)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်သည် အာဆီယံတည်ထောင်ခြင်း (၅၈)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်




နန်နင်း၊ သြဂုတ် ၁၁

တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့၌ အာဆီယံကောင်စစ်ဝန်ချုပ်ရုံး အသိုင်းအဝိုင်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် ထိုင်းကောင်စစ်ဝန်ချုပ်ရုံး၏ ဖိတ်ကြားမှုဖြင့် ၈-၈-၂၀၂၅ ရက်နေ့တွင် ထိုင်း ကောင်စစ်ဝန်ချုပ်ရုံး၌ ကျင်းပခဲ့သော အာဆီယံတည်ထောင်ခြင်း (၅၈) နှစ်မြောက်အထိမ်းအမှတ် အခမ်းအနားဧည့်ခံပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း သည် ပါဝင်တက်ရောက်ခဲ့သည်။

 အဆိုပါဧည့်ခံပွဲသို့ အဓိကဧည့်သည်တော်အဖြစ် ကွမ်တုန်းပြည်နယ်၊ နိုင်ငံခြားရေးရုံးမှ  ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Li Hangzhi မှ တက်ရောက်ခဲ့ကာ ထိုင်းကောင်စစ်ဝန်ချုပ် Mr. Kajtiti Wiwatwanant  နှင့် Mr. Li Hangzhi တို့မှ အမှာစကားများ ပြောကြားခဲ့ပါသည်။ ဧည့်ခံပွဲသို့ အာဆီယံကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ကွမ်တုန်းပြည်နယ် နိုင်ငံခြားရေးရုံး၊ ကွမ်ကျိုးမြို့ နိုင်ငံခြားရေးရုံး စသည့်အစိုးရဌာနများမှ တာဝန်ရှိသူများ၊ ကွမ်ကျိုးမြို့ရှိ နိုင်ငံခြား ကောင်စစ်ဝန်ချုပ်ရုံးများမှ သံတမန်များနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး အာဆီယံရိုးရာ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ 

မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ယင်းနေ့တွင်ပင် ပြုလုပ်ခဲ့သော အာဆီယံ တည်ထောင်ခြင်း (၅၈) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားများဖြစ်သည့် ASEAN Open House နှင့် ASEAN China-Seminar on Tourism Cooperation တို့၌ မြန်မာ့ယဉ်ကျေးမှုပစ္စည်းများ၊ မြန်မာ့ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသခြင်း၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဗီဒီယိုဖိုင်များ ဖွင့်လှစ်ပြသခြင်းနှင့် ခရီးသွား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဖြင့် ပါဝင်ခဲ့သည်။

ထို့ပြင် ခရီးစဉ်အတွင်း မြန်မာကောင်စစ်ဝန်ချုပ်သည် ကွမ်တုန်းပြည်နယ်ပြည်သူ့ လုံခြုံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liu Chenghong နှင့်လည်း တွေ့ဆုံ၍ မြန်မာနိုင်ငံသားကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)