ဩဂုတ် - ၁၁ ( တနင်္လာနေ့ )
ဂါဇာမြို့တော်ကို သိမ်းယူမယ့် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု ရဲ့ အစီအစဉ်ကို ဆန့်ကျင်တဲ့အနေနဲ့ တဲလ်အဗစ်၊ ဂျေရုဆလင်နဲ့ တခြားမြို့တွေမှာ စနေနေ့ညက ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ အစ္စရေးကို ဟားမတ်စ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုပြီးနောက် အစ္စရေးနိုင်ငံမှာ ပေါ်ပေါက်တဲ့ အကြီးမားဆုံး ဆန္ဒပြပွဲတွေထဲက တစ်ခုဖြစ်ပါတယ်။
ဆန္ဒပြသူ ၁ သိန်းကျော်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချက်ချင်းလက်မှတ်ရေးထိုးပေးရန်၊ ဓားစားခံတွေရဲ့အသက်ကိုတန်ဖိုးထားရန်၊ စစ်ပွဲအတွင်း ကျဆုံးသွားသော စစ်သားများရဲ့ မိဘဆွေမျိုးများရဲ့ ဆန္ဒကို အလေးအနက်ထားရန် အစရှိတဲ့ တောင်းဆိုချက်များကို ဟစ်အော်ခဲ့ကြပါတယ်။
နေတန်ယာဟုရဲ့ လုံခြုံရေးဆိုင်ရာကဲဘိနတ် အဖွဲ့က ဂါဇာရှိ ဟားမတ်စ်တို့ကို အပြီးသတ်ရှင်းလင်းဖို့အတွက် စစ်ပွဲတစ်ခုကို နောက်ဆုံးပိတ်ဆင်နွဲမယ်ဆိုပြီး အဆုံးအဖြတ်ကို သောကြာနေ့က အတည်ပြုခဲ့ပါတယ်။ အဲ့ဒိစစ်ဆင်ရေးက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဥပဒ်ဖြစ်စေနိုင်သည့်အပြင် ကျန်ရှိသောဓားစာခံများ၏ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေတယ်ဆိုတဲ့ အစ္စရေးစစ်တပ်ရဲ့ သတိပေးချက်များနဲ့ ဆန့်ကျင်နေပါတယ်။
ကက်ဘိနက်သည် ဟားမတ်စ်များကို လက်နက်ဖြုတ်သိမ်းရေး၊ ဓားစာခံများအားလုံးကို ပြန်ပို့ရေးနှင့် ဂါဇာကမ်းမြောင်ဒေသကို စစ်မဲ့စေရေးအပါအဝင် စစ်ပွဲအဆုံးသတ်ရန် အခြေခံမူငါးချက်ကို အတည်ပြုခဲ့ပါတယ်။
ကက်ဘိနက်အစည်းအဝေးမစခင်မှာပဲ နေတန်ယာဟုက ဂါဇာကမ်းမြောင်ဒေသကို မှန်ကန်စွာအုပ်ချုပ်မယ့် “အာရပ်တပ်များ” ထံ လွှဲပြောင်းပေးဖို့ အစ္စရေးက ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment