မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်





ချမ်းအေးသာစံ  ၊ ဩဂုတ် ၂၈


မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အား စည်ကားသိုက်မြိုက်စွာဖြင့်အောင်မြင်စွာကျင်းပနိုင်ရေး (တတိယအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်၂၇ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပရေး ဦးစီးကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ရာပြည့်သဘင်ကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ တက္ကသိုလ်၊ဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့်  ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးတက္ကသိုလ်ရာပြည့်သဘင်ကို အနှစ်သာရပြည့်ဝစွာဖြင့် နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ရာပြည့်သဘင်ကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ၊ မြို့မိမြို့ဖများ၊ ကျောင်းသားကျောင်းသူဟောင်းများနှင့် တာဝန်ရှိသူအားလုံးအနေဖြင့် ဝန်ကြီးဌာနမှချမှတ်ထားသည့် လုပ်ငန်းစဉ် (၂၅) ချက်ဖြင့် အောင်မြင်ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု သိရှိရပါကြောင်း၊ ယခင်အစည်းအဝေးဆွေးနွေးချက်များအပေါ် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍများအလိုက် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးရေး စုပေါင်းညီညွတ်မှုအားဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ လိုအပ်သည်များကိုအချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် တက်ရောက်လာသူများက ရာပြည့်သဘင်ကို စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး၊ လုပ်ငန်းစဉ် (၂၅) ချက်အပေါ် ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးသည်။


မန္တလေးတက္ကသိုလ်ရာပြည့်သဘင်ကို နိုင်ငံ့ဂုဏ်ဆောင်တက္ကသိုလ်အဖြစ် ဆက်လက်ထိန်းသိမ်းမြှင့်တင်ရန်၊ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ကို အထောက်အကူပြုစေမည့်ပညာရပ်များ ဆက်လက်မြှင့်တင်ဖြည့်ဆည်းပေးရန်၊ ပညာအခြေပြု လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗလငါးတန် နှင့် ပြည့်စုံသည့် ဘွဲ့ကြို၊ဘွဲ့လွန်လူငယ်များ၏ တီထွင်ဖန်တီးမှု စွမ်းရည်များပြသရန်၊ တက္ကသိုလ်၏ ရှေ့နှစ် ၁၀၀ မျှော်မှန်းချက်ချမှတ်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)