ရမည်းသင်းမြို့နယ် ရွှေဒါး အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ လူငယ်ရေးရာအသိပညာပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရမည်းသင်းမြို့နယ် ရွှေဒါး အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ လူငယ်ရေးရာအသိပညာပေး




ရမည်းသင်း  ၊ သြဂုတ် ​၂၈


မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ရွှေဒါးကျေးရွှာ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ လူငယ်များ အသိပညာဗဟုသုတရရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း စာကြည့်တိုက်၌ ကျင်းပသည်။


ဟောပြောပွဲတွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာနန်းမိုးမိုးကြည်က  အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက “စာပေလေ့လာဖတ်ရှုမှု လူသားတိုင်းကို ကောင်းကျိုးပြု” ခေါင်းစဉ်ဖြင့်ဟောပြောရာ၌ နေ့စဉ်ဘဝတွင် အစာမစားဘဲမနေနိုင်သကဲ့သို့ စာမဖတ်ဘဲမနေနိုင်သော အလေ့အကျင့်ကောင်းကို ပျိုးထောင်ဖို့လိုပါကြောင်း၊ သုတစာပေသည် အသိပညာတိုးပွားစေပြီးတည်ကြည်ရင့်ကျက်စေသည့်အပြင်အတွေးအခေါ်ပိုမိုကောင်းမွန်စေပါကြောင်း၊ ရသစာပေသည် စိတ်နှလုံးသိမ်မွေ့နူးညံ့စေ၍ ယဉ်ကျေးကာ ကိုယ်ရည်ကိုယ်သွေး တိုးတက်စေနိုင်သည့်အတွက် မည်သည့်စာပေကိုမဆိုဖတ်ရှုသင့်ပါကြောင်းနှင့် ကလေး၊ လူငယ်၊ လူကြီးမကျန် အရွယ်အားလုံးစာဖတ်ကြရန်ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေး နွေးခဲ့သည်။


ထို့နောက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတရသ စာအုပ်စာစောင်များ၊ လျှပ်စစ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)