ရန်ကုန်၊ သြဂုတ် ၂၀
ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း က ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဒေသအကျိုး၊ ရပ်ရွာအကျိုး သယ်ပိုး ဆောင်ရွက်နိုင်မည့်သူများကို စနစ်တကျ ရွေးချယ်ပေးကြရန် ပြောကြားသည်။
ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း၊ ဗဟိုအလုပ်အမှုဆောင်ဦးမောင်မြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီတာဝန်ရှိသူများ နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ်လ ၁၈ရက်နေ့က ကျင်းပစဉ် ထည့်သွင်းပြောကြားသွားခဲ့ခြင်း ဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းက အမှာစကား ပြောကြားရာတွင် ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဒေသအကျိုး၊ ရပ်ရွာအကျိုး သယ်ပိုးဆောင်ရွက်နိုင်မည့်သူများကိုစနစ်တကျ ရွေးချယ်ဆောင်ရွက် ပေးကြရန်၊ ရွှေကောက်ပွဲသည် နိုင်ငံတော် နှင့်ပြည်သူများ၏ အနာဂတ်ဖြစ် တဲ့အတွက် မဲပေးခွင့် ရှိသူတိုင်းမဲပေးနိုင်ရန် လိုအပ်ကြောင်း၊ နိုင်ငံရေးကိုပရဟိတစိတ် ဖြင့်ဆောင်ရွက်သွားရန် အမှစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့် က ရွေးကောက်ပွဲ ဆိုင်ရာဥပဒေများ၊ ကိစ္စရပ်များကို သေချာလေ့လာဖတ်ရှုကြရန်နှင့် လေးစားလိုက်နာရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုး က ပါတီလုပ်ငန်းကိစ္စရပ်များ၊ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ကွင်းဆင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲ ဥပဒေများကို ဖတ်ရှုလေ့လာ၍ နားလည်အောင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ မိမိပါတီ အနိုင်ရရှိရေးအတွက် အထူးအလေးထားဆောင်ရွက်ကြရန် အသေးစိတ် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment