ထိပ်သီး ဆွေးနွေးပွဲ ၂ ခုကတော့ ပြီးသွားပြီ ဘာတွေ ဆက်ဖြစ်လာမှာလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိပ်သီး ဆွေးနွေးပွဲ ၂ ခုကတော့ ပြီးသွားပြီ ဘာတွေ ဆက်ဖြစ်လာမှာလဲ


ဩဂုတ် - ၂၀ ( ဗုဒ္ဓဟူးနေ့ )

ပြီးခဲ့တဲ့ သောကြာနေ့က အလက်စကာမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင် တို့ တွေ့ ဆုံခဲ့ကြပြီး ရုရှား- ယူကရိန်း အပစ်ရပ်ရေး နဲ့ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးခဲ့ကြသလို တနင်္လာနေ့မှာ ထရမ့်က ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီး နဲ့ ဥရောပ ခေါင်းဆောင်တွေကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံပြီး ငြိမ်းချမ်းရေးအတွက် စကားတွေ ပြောခဲ့ကြတယ်။ 

ရလဒ်တွေက ဘာတွေလဲ ဆိုတာ မထုတ်ပြန်ပေမဲ့ ထရမ့်နဲ့ ဆွေးနွေးခဲ့ကြတဲ့ ခေါင်းဆောင်တွေကတော့ အားရကျေနပ်ကြောင်းတွေ ဆိုကြပါတယ်။ အရင်အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်မှာ ရုရှားက တင်ပြခဲ့တဲ့ သံတမန်စကားတွေကို ပယ်ချပြီး စစ်ခင်းဖို့အတွက်ပဲ ပြင်ခဲ့ကြလို့ ၃ နှစ်ကျော်ကြာ စစ်ပွဲက မပြီးသတ်နိုင်ဘူး ဖြစ်နေပါတယ်။ ထရမ့်လက်ထက်မှာကတော့ သံခင်းတမန်ခင်းတွေ ပြန်ပွင့်လာပြီလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ စစ်ပွဲတွေနဲ့ စကားပြောတာထက် သံတမန်နည်းလမ်းက ပိုပြီး သက်တောင့်သက်သာဖြစ်မယ်။ ကုန်ကျစရိတ် နည်းမယ်။ လူအသေအပျောက်နည်းမယ် ဆိုတာက လူတိုင်းနားလည်ကြပါတယ်။ 

အိမ်ဖြူတော် အစည်းအဝေးမှာ ဂျာမန် နဲ့ ပြင်သစ်ခေါင်းဆောင်တွေက အပစ်ရေးအတွက် အဆိုတင်သွင်းမှုတွေကို လုပ်ခဲ့ကြပါတယ်။ သူတို့သဘောက အပစ်ရပ်ရေးကို အရင်ဆုံးလုပ်မယ်ဆိုပြီး တောင်းဆိုတာပါ။ ထရမ့်ကတော့ သူ့သမ္မတ သက်တမ်း ၈ လအတွင်း မှာ အပစ်ရပ်ရေး ကိစ္စတွေ အများကြီး လုပ်လာခဲ့တယ်။ ဒါပေမဲ့ လက်တွေ့ကျတဲ့ ရလဒ်တွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အပစ်ရပ်ရေး လက်မှတ်ထိုးပြီး ဆက်ပစ်နေကြတဲ့ စစ်ပွဲတွေ အများကြီးကို လက်ညိုးထိုးပြပြီး အပစ်ရပ်ရေးလက်မှတ်ထိုးတာက တကယ်တမ်းမှာ အလုပ်မဖြစ်ဘူး လို့ ဆိုပြီး တိုက်ရိုက်ငြိမ်းချမ်းရေး ကိစ္စကိုပဲ ဆွေးနွေးလိုတဲ့ အကြောင်းကိုပြောလာပါတယ်။ 

“ထာဝရငြိမ်းချမ်းရေးအတွက် ကျနော်တို့ လုပ်ဆောင်နေချိန်မှာ ချက်ချင်း အပစ်အခတ်ရပ်စဲရေးကို အားလုံးက လိုလားနေကြတယ်။ ဒီလိုမျိုး တစ်ခုခုတော့ ဖြစ်လာနိုင်ပါတယ်။ အခုလောလောဆယ်တော့ မဖြစ်နိုင်သေးဘူး” လို့ပြောသွားပါတယ်။ "ကျနော် ဖြေရှင်းနေတဲ့ စစ်ပွဲခြောက်ခုမှာ အပစ်အခတ်ရပ်စဲရေးဆိုတာ မရှိသေးပါဘူး။ ညှိနှိုင်းမှုတွေပဲ လုပ်နေရတယ်။ ကွန်ဂိုမှာ စစ်ပွဲတစ်ခုက ၃၁ နှစ်ကြာပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်က နိုင်ငံကြီး နှစ်နိုင်ငံကြားကစစ်ပွဲကလည်း အပစ်ရပ်ရေး လက်မှတ်ထိုးပြီး စစ်တွေတိုက်နေတယ်။ နောက်ထပ်တစ်ခုကလည်း စစ်ဖြစ်နေတာ ၃၅ နှစ်ကြာသွားပါပြီ"လို့ ပြောသွားပါတယ်။ အဲ့တော့အပစ်ရပ်ရေး ဆိုတာကို စားပွဲပေါ်ကနေ ပစ်ချပြီး ငြိမ်းချမ်းရေးကိုပဲ ထည့်ပြီး စဉ်းစားကြရပါလိမ့်မယ်။ 

ယူကရိန်း ပဋိပက္ခကို ဆွေးနွေးဖို့က အီးယူရဲ့ နေရာကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်တယ်ဆိုပေမဲ့ အီးယူ ဥက္ကဋ္ဌ အာဆူလာနဲ့ နေတိုး အကြီးအကဲ မက်ခ်ရက်တီ တို့ကလည်း ထရမ့်ရဲ့ မျက်နှာကို ကြည့်ပြီးနေရတဲ့ သူတွေဖြစ်လို့ ပဋိပက္ခကြီးကြီးမားမား နဲ့ ပတ်သက်လာရင် သူတို့က ဘေးထိုင်လိုက်တာ များပါတယ်။ ဆွေးနွေးပွဲ မတိုင်ခင်က အီးယူကို ဘေးကိုဖယ်ချနေတယ်လို့ လေ့လာသုံးသပ်မှုတွေ ဝေဖန်အကြံပြုတာတွေ ရှိခဲ့လို့ အနာရှိတဲ့သူတွေ စပ်ခဲ့ကြပေမဲ့ လက်တွေ့မှာ တကယ်လည်း ဘေးထိုင်ခဲ့ကြရပါတယ်။ အီးယူရဲ့ နိုင်ငံခြားရေး မူဝါဒအကြီးအကဲ ကာဂျာကောလက်စ်ကိုယ်တိုင် အစည်းအဝေးမှာ ဘာမှ ပြောခွင့် မရခဲ့ပါဘူး။ 

ရုရှားဘက်ကတော့ လာမယ့်ဆွေးနွေးပွဲတွေမှာ သံတမန်ရေးရာကို ဦးတည်ပြီး ပြောဆိုမှုတွေလုပ် သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ သမ္မတအကြံပေး ဗလာဒီမာမီဒင်စကီး၊ စစ်သံတမန် အလက်ဇန်ဒါဖိုမင် နဲ့ ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အကြီးအကဲ ကီရေးဒီမီထရေ့ဗ် တို့ ပါဝင်တဲ့ သံတမန်အဖွဲ့ မဖျက်သိမ်းသေးဘဲ လာမယ့် ဆွေးနွေးပွဲတွေကို အဆင့်မြင့်ဖို့လုပ်ထားပါတယ်။ 

ယူကရိန်းက အမေရိကန်ကနေ လက်နက် ဘီလီယံ ၁၀၀ ဖိုး ထပ်ယူမှာကို  အနောက်ဥရောပနိုင်ငံတွေကနေ စိုက်ပေးရမယ်ဆိုတဲ့ သဘောတူညီချက် တစ်ခုကိုတော့ ကြားလိုက်ရပါတယ်။ နေတိုးနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိသေတာကတော့ အီယူအဖွဲ့ဝင်နိုင်ငံတွေ ကာကွယ်ရေး စရိတ်အတွက် တိုင်ပြည်ဝင်ငွေ ၅ % အထိ သုံးမှာလား မသုံးဘူးလားဆိုတာကို ဆုံးဖြတ်ချက် မချနိုင်ဘူး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ အဲ့လိုတိုးသုံး မယ်ဆိုရင်တော့ နေတိုးအတွက် အမေရိကန်က လက်နက်တွေ ထုတ်ရောင်း ဖို့ ပြင်ဆင်ပေးမှာပါ။ 

ပြင်းထန်တဲ့ သံတမန်ရေးရာ လှုပ်ရှားမှုတွေ တိုးတက်မှု ရရှိခဲ့တယ်လို့ ဆိုပေမဲ့ ယူကရိန်း ပဋိပက္ခကို ဖြေရှင်းရန် ထရမ့်ရဲ့ ကြိုးပမ်းမှုများက ဘယ်လောက် ထိရောက်မှု ရှိလာမယ်ဆိုတာကတော့ အချိန်ကပဲ စကားပြောလာမှာပါ။ 

ယခုအချိန်အထိ ဗလာဒီမာ ဇယ်လန်စကီးက ရုရှားတောင်းဆိုထားသော ပိုင်နက်ဆိုင်ရာ လိုက်လျောမှုကို ဆန္ဒ တစ်စုံတရာ မပြသေးပါဘူး။ ထရမ့်ကလည်း ပူတင်ပြောတဲ့အတိုင်း နယ်မြေခွဲပေးလိုက်ဖို့ ဇီလန်စကီး ကို နားချပေးမဲ့ မအောင်မြင်သေးပါဘူး။ ဖြစ်နိုင်ချေကတော့ ပူတင် - ထရမ့် - ဇီလန်စကီး ၃ ဦး မျက်နှာချင်း ဆိုင်ထိုင်ရှင်း မှပဲ ငြိမ်းချမ်းရေး လမ်စက ပေါ်လာနိုင်မှာပါ။ 


REF: RT 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)