ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဗဟိုအလုပ်အမှု့ဆောင် ဦးလှဆွေနှင့် တောင်သူလယ်သမားဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း တို့ ယနေ့ (၂၀-၈-၂၀၂၅) ရက်နေ့တွင် တွေ့ဆုံပြီး တောင်သူလယ်သမားဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား လက်တွေ့နှင့် သီအိုရီ ပေါင်းစပ်လျှက် ခရိုင်အလိုက် နယ်မြေကွင်းဆင်း ဆောင်ရွက်မည့် အစီအစဉ်များကိုဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ခိုင်ဖြိုးပါတီမှ ပြည်ထောင်စုနယ်မြေ တိုင်းအတွင်းရေးမှူး ဦးဝင်းဌေး တိုင်းအဆင့်ကော်မတီ အကြီးအကဲ များဖြစ်ကြသော ဘဏ္ဍာရေးမှူး ဒေါ်သီတာထွေး ၊ စည်းရုံးရေးမှူး ဦးဖိုးသိန်း လယ်ယာကဏ္ဍ ဦးခင်မောင်ထွန်း တို့နှင့် ၄ ခရိုင် မှ ခရိုင်ပါတီဥက္ကဋ္ဌများနှင့်အတူ တောင်သူလယ်သမားဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ အတွင်းရေးမှုး ဦးမင်းကိုမြင့် တို့အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment