မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ဧက (၃၅၆)ဧကအတွက် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ဆက်လက်ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ဧက (၃၅၆)ဧကအတွက် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ဆက်လက်ထုတ်ချေးပေး

 



မြစ်သား ၊  ဩဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ဧက (၃၅၆) ဧကအတွက် လမ်းဂွကျေးရွာအုပ်စုရှိ တောင်သူလယ်သမားများအား ယနေ့နံနက် ၉ နာရီခွဲက အဆိုပါဘဏ်ခွဲ၌ စိုက်ပျိုးစရိတ်များ ဆက်လက်ထုတ်ချေး‌ပေးခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးရာတွင် မြစ်သားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်အေမီမီခန့်က ယခင်နှစ်ချေးငွေ‌ကြွေးကျန်အားလုံး ပြန်လည်ပေးဆပ်ပြီးသော တောင်သူများကိုသာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးစိုက်ပျိုးဧက (၃၅၆) ဧကစိုက်ပျိုးနိုင်ရန်အတွက် လမ်းဂွကျေးရွာအုပ်စုရှိ တောင်သူလယ်သမား(၇၇)ဦး အတွက် စုစုပေါင်းချေးငွေကျပ် ၅၃၄၀၀၀၀၀/-  ဆက်လက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

စိုက်ပျိုးစရိတ်ချေးငွေယူမည့် တောင်သူများအနေဖြင့် ပုံစံ (၇) အမည်ပေါက်ရှိရမည်ဖြစ်ပြီး၊ ကျေးရွာအလိုက် ဖွဲ့စည်းပေးထားသည့် မိုးစပါးချေးငွေစိစစ်ရေးအဖွဲ့၏ ထောက်ခံချက်၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်တို့ပါရှိမှသာ ချေးယူခွင့်ရရှိပြီး မိုးစပါးစိုက် တစ်ဧကလျှင် ကျပ် ၁၅၀၀၀၀/-နှုန်း ချေးပေးခြင်းဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။


ဝါဝါမြင့် (မြစ်သား)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)