ဩဂုတ် - ၂၀ ( ဗုဒ္ဓဟူးနေ့ )
အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒရာ မိုဒီ က ၎င်း၏နိုင်ငံနှင့် အိမ်နီးချင်း တရုတ်နိုင်ငံကြား ဆက်ဆံရေးသည် အချင်းချင်းရဲ့ အကျိုးစီးပွားကို လေးစားမှုဖြင့် တိုးတက်မှုရှိလာနေပါတယ် လို့ မနေ့က ပြောကြားခဲ့ပါတယ်။ နယူးဒေလီရှိ ၎င်း၏နေအိမ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီအား လက်ခံတွေ့ဆုံပြီးနောက် မိုဒီရဲ့ မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
မိုဒီက နယ်စပ်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့ပြီး တရားမျှတသော၊ ကျိုးကြောင်းဆီလျော်ပြီး အပြန်အလှန် လက်ခံနိုင်သော ဆုံးဖြတ်ချက်တစ်ခုအတွက် အိန္ဒိယ ရဲ့ ကတိကဝတ်ကို ထပ်လောင်းပြောကြားခဲ့ကြောင်း နယူးဒေလီမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားပါတယ်။
နယ်စပ်တလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့က ပေကျင်းနဲ့ ဆက်ဆံရေး တိုးတက်ဖို့ မရှိမဖြစ် လိုအပ်တယ်လို့ နယူးဒေလီအစိုးရက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ ခရီးစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ က ကာကွယ်ရေးဝန်ကြီး အက်စ်ဂျေရှန်ကာ ၊ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ် တို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို လုပ်ခဲ့ပါတယ်။
နှစ်ဖက်စလုံးက “ကျနော်တို့ရဲ့ ဆက်ဆံရေးအတွက် ခက်ခဲသောကာလ” ကို ကျော်ဖြတ်ရန် ကြိုးပမ်းနေကြောင်း အချက်ပြခဲ့ပါတယ်။ ဆွေးနွေးပွဲအပြီးတွင် နယူးဒေလီနှင့် ဘေဂျင်းတို့ က နယ်စပ်စီမံခန့်ခွဲမှုကို မြှင့်တင်ရန်၊ တိုက်ရိုက်လေကြောင်းဆက်သွယ်မှု “အစောဆုံး” ပြန်လည်စတင်ရန်နဲ့ အခြားအဆင့်များထဲမှ နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်ဖွင့်လှစ်ရန် အဆင့်များစွာကို သဘောတူခဲ့ကြပါတယ်။
တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဖြစ်တဲ့ ဝမ်ယီက ဩဂုတ် ၃၁ ရက်နေ့မှာ တိုင်အန်ဂျင် တွင် ကျင်းပမယ့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် သမ္မတရှီကျင့်ဖျင် ကိုယ်စား မိုဒီကို ဖိတ်ကြားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment