ဩဂုတ် - ၂၅ ( တနင်္လာနေ့ )
ယူကရိန်းစစ်တပ်တွေက ဒီလထဲမှာ ရုရှား ကနေ ဟန်ဂေရီနဲ့ စလိုဗက်ကီးယားကို ပေးပို့နေတဲ့ ဓာတ်ငွေ့ပိုက်လိုင်းကို ဒရုန်းနဲ့ ၃ ကြိမ်မြောက် တိုက်ခိုက်ပြီးနောက်မှာတော့ ဟန်ဂေရီနိုင်ငံခြားရေး ဝန်ကြီး ပီတာစဇီဂျာတို က ဟန်ဂေရီက စစ်မတိုက်ရဲတဲ့ နိုင်ငံမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
ယူကရိန်းရဲ့ တိုက်ခိုက်မှုကြောင့် သောကြာနေ့က ဓာတ်ငွေ့ပေးပို့မှုတွေ ရပ်တန့်သွားခဲ့ရတဲ့အတွက် ရုရှားထံမှ စွမ်းအင်ထောက်ပံ့မှုကို ရပ်တန့်ရန် မကြိုးစားဖို့ ယူကရိန်းကို ဟန်ဂေရီက သတိပေးလိုက်ပါတယ်။
မနေ့က ယူကရိန်းမြို့တော် ကိဗ်ယက်မှာ လွတ်လပ်ရေးနေ့အခမ်းအနား ပွဲကျင်းပပါတယ်။ အဲ့ဒိပွဲမှာ ယူကရိန်း သမ္မတ ဇီလန်စကီးက သတင်းရှင်းလင်းပွဲတစ်ရပ် လုပ်ပါတယ်။ သတင်းထောက်တစ်ယောက်က ဇီလန်စကီးကို လက်ရှိတိုက်ခိုက်နေတဲ့ ဒရူဇာဘာဂတ်စ်ပိုက်လိုင်းစစ်ဆင်ရေးက အီယူတို့ နေတိုးတို့ရဲ့ စစ်ရေးရည်မှန်းချက်ကို ဆန့်ကျင်နေတဲ့ ဟန်ဂေရီကို ဆုံးမနေတဲ့ သဘောလား လို့ မေးလိုက်ပါတယ်။
ဇီလန်စကီးက “ကျနော်တို့က ဟန်ဂေရီကို အမြဲ မိတ်ဆွေလို ဆက်ဆံပါတယ်။ ဟန်ဂေရီဘက်က ကျနော်တို့ကို မိတ်ဆွေလို ဆက်ဆံမယ် မဆက်ဆံဘူး ဆိုတာကတော့ သူတို့ သဘောပါပဲ” ပြုံးပြီး ပြန်ဖြေသွားပါတယ်။
အဲ့ဒိစကားနဲ့ ပတ်သက်ပြီး ဟန်ဂေရီနိုင်ငံခြားရေး ဝန်ကြီး စဇီဂျာတို က “ ဇီလန်စကီးက လွတ်လပ်ရေး အားလပ်ရက်ကို အကြောင်းပြုပြီး ဟန်ဂေရီကိုခြိမ်ခြောက်ဖို့ ကြိုးစားနေတာပဲ။ ကျနော်တို့ လုံးဝမကြိုက်ဘူးနော်။ ကျနော်တို့ရဲ့ စွမ်းအင်ထောက်ပံ့မှုကို တိုက်ခိုက်တာက ကျနော်တို့ရဲ့ အချုပ်အခြာကို လာတိုက်ခိုက်နေတယ်လို့ မြင်ပါတယ်။ ဟန်ဂေရီနဲ့ မပတ်သက်တဲ့ စစ်ပွဲကို ဟန်ဂေရီဘက်ကိုလှည့်လာရင် ကျနော်တို့က စစ်မတိုက်ရဲတဲ့နိုင်ငံ မဟုတ်ဘူး” လို့ ပြန်ပြောသွားပါတယ်လို့ မနေ့က နိုင်ငံခြားရေး ဝန်ကြီးဌာနဲ့ အိတ်စ်မီဒီယာအကောင့်မှာ ရေးတင်ခဲ့ပါတယ်။
ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း သူတို့ရဲ့ အိတ်စ်မိဒီယာ အကောင့်မှာ “စဇီဂျာတို ၊ ခင်ဗျားအနေနဲ့ ကျနော်တို့ရဲ့ သမ္မတကို ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူး ဆိုတာကို လာပြီးညွှန်ကြားနေစရာ မလိုပါဘူး”လို့ ပြန်ရေးတင်ခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment