တိုင်ဖွန်း ကာဂျီကီကြောင့် ဗီယက်နမ်နှင့် တရုတ် မှာ ကသောင်းကနင်းတွေ ဖြစ်ကုန်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်ဖွန်း ကာဂျီကီကြောင့် ဗီယက်နမ်နှင့် တရုတ် မှာ ကသောင်းကနင်းတွေ ဖြစ်ကုန်ပြီ




ဩဂုတ် - ၂၅ ( တနင်္လာနေ့ ) 

တိုင်ဖွန်း ကာဂျီကီ အားကောင်းလာတာကြောင့် လူပေါင်း ၅သိန်း ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ဗီယက်နမ်က အမိန့်ထုတ်ထားပြီး တရုတ်နိုင်ငံရဲ့ အပန်းဖြေမြို့ ဆန်ယာ မှာ စီးပွားရေးလုပ်ငန်းတွေနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို ပိတ်ထားပါတယ်။ မုန်တိုင်း ချဉ်းကပ်လာစဉ် မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုနှင့် နေရာအနှံ့အပြားမှာ ဓာတ်အား ပြတ်တောက်မှုများ ဖြစ်နိုင်ကြောင်း ဗီယက်နမ် နဲ့ တရုတ် အာဏာပိုင်များက သတိပေးထားပါတယ်။

မုန်တိုင်းက တနင်္ဂနွေညနေပိုင်းမှာ တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းတောင်ပိုင်းကမ်းရိုးတန်းကို ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး  ပိုမိုအားကောင်းလာကာ လေတိုက်နှုန်းမှာ တစ်နာရီ ၁၆၆ ကီလိုမီတာ ( ၁၀၃ မိုင် ) နှုန်းနဲ့ ကုန်းတွင်းပိုင်ကို ဝင်ရောက်နေပါတယ်။ 

တရုတ် မိုးလေဝသခန့်မှန်းချက်အရ လေတိုက်နှုန်းက တစ်နာရီလျှင် ၁၈၀ ကီလိုမီတာအထိ ပိုမိုအားကောင်းလာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီနေ့မနက်ပိုင်းမှာ  ကုန်းတွင်းပိုင်းသို့ဝင်ရောက်လာပြီး ခန့်မှန်းရတဲ့လမ်းကြောင်းအရ သန်းဟွာ၊ ကောင်းထရိုင်၊ ဟူး နဲ့ ဒါနန်း ဒေသတွေက လူပေါင်း ၆သိန်းနီးပါးကို ကယ်ထုတ်နိုင်ဖို့ ဗီယက်နမ် အစိုးရ စီစဉ်နေပါတယ်။ 

"ခရီးသွားလုပ်ငန်းတွေ၊ ငါးဖမ်းသင်္ဘောများနှင့် ငါးသားဖောက်မွေးမြူတဲ့ လုပ်ငန်းတွေ ကတော့ အလွန်အန္တရာယ်ရှိပြီး ဘေးမကင်းဘူး ဖြစ်နေတယ်" လို့ စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ 

တရုတ်နိုင်ငံရဲ့ တောင်ဘက်အကျဆုံးမြို့ဖြစ်တဲ့ ဟိုင်နန်ကျွန်းရှိ ဆန်ယာ ကိုတော့ မနေ့ကတည်းက လုပ်ငန်းအားလုံးကို ပိတ်ထားရပါတယ်။

 ဗီယက်နမ်နိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းမှာ မိုးသည်းထန်စွာရွာသွန်းနေပြီး ဒေသအနှံ့ မိုးရေချိန် ၁၀၀ မှ ၁၅၀ မီလီမီတာအထိ ရှိနိုင်ပြီး ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းအန္တရာယ် မြင့်မားနေပါတယ်။ တောင်တရုတ်ပင်လယ်ပြင် ထဲမှာ တိုက်ဖွန်းကြောင့် ပင်လယ်လှိုင်းတွေက ပေ ၃၀ လောက်အထိမြင့်တက်ခဲ့ပါတယ်။  

ပြီးခဲ့တစ်နှစ်က ဗိယက်နမ်ကို ဝင်ခဲ့တဲ့ ယာဂီတိုက်ဖွန်းကြောင့် လူ ၃၀၀ ကျော်သေဆုံးခဲ့ပြီး ကန်‌ဒေါ်လာ သန်း ၅ထောင်ကျော်ဖိုးလောက် ပျက်စီး ခဲ့တယ်လို့ ဗီယက်နမ် အစိုးရက ကြေညာခဲ့ပါတယ်။ အခုဝင်နေတဲ့ ကာဂျီကီက ယာဂီထက် ပိုပြင်းပါတယ်။ 


REF: abc News

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)