ကာ့စ် နျူ့ဓတ်အားပေးစက်ရုံ ပေါက်ကွဲသွားရင် ချာနိုဘိုင်လိုဖြစ်သွားမယ် လို့ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကာ့စ် နျူ့ဓတ်အားပေးစက်ရုံ ပေါက်ကွဲသွားရင် ချာနိုဘိုင်လိုဖြစ်သွားမယ် လို့ ဆို


ဩဂုတ် - ၂၅ (တနင်္လာနေ့ ) 

နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ အစီရင်ခံစာတစ်စောင်မှာ  ရုရှားနိုင်ငံ ကာ့စ်ဒေသရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံ (NPP) တွင် မီးလောင်မှုဖြစ်ပွားရတာက “စစ်ရေးလှုပ်ရှားမှုကြောင့် ဖြစ်ရတာပါ”လို့ ဖော်ပြထားပါတယ်။   

ယူကရိန်းနယ်စပ်မှ ကီလိုမီတာ ၅၀ ခန့်အကွာမှာရှိတဲ့ အဲ့ဒိစက်ရုံက  ဒရုန်းစီးနင်းတိုက်ခိုက်မှု ခံခဲ့ရတယ်လို့ ရုရှားတာဝန်ရှိသူများက အစောပိုင်းတွင် ပြောကြားခဲ့ပါတယ်။ ကာ့စ် နျူ့စက်ရုံ  အနီးတွင် ယူကရိန်း ဒရုန်းတစ်စီးကို ရုရှား လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက ညတွင်းချင်း ကြားဖြတ်ဟန့်တားခဲ့ပြီး ပေါက်ကွဲ ရာမှာ အရန်ထရန်စဖော်မာတစ်လုံး  ထိခိုက်ပြီး မီးလောင်ခဲ့ပါတယ်။ 

အဲ့ဒိနျူ့စက်ရုံရဲ့ တရားဝင် တယ်လီဂရမ် ချန်နယ်က ထုတ်ပြန်ချက်မှာတော့ “လက်ရှိ နျူ့စက်ရုံ ပတ်ဝန်းကျင်မှာရှိတဲ့ ဓာတ်ရောင်ခြည်ပမာဏကတော့ ပြောင်းလဲမှုမရှိပါဘူး” လို့ ရေးတင်ထားပါတယ်။ ဒရုန်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အသေအပျောက်စာရင်းကို မဖော်ပြပေမဲ့ နျူ့စက်ရုံရဲ့ လုပ်အားနှုန်းကို တစ်ဝက် လျှော့ချထားတယ်လို့လည်း ဆိုပါတယ်။ 

အိုင်အေအီးအေ ရဲ့ အစီရင်ခံစာမှာတော့ ကာ့စ်ဒေသက နျူ့စက်ရုံ မီးလောင်မှုဖြစ်ပွားတယ်။ ဘယ်သူကြောင့်ဖြစ်တယ်ဆိုတာကို အတည်မပြုနိုင်သေးပေမဲ့ နျူ့ စက်ရုံတိုင်းကို လုံခြုံရေး ဦးစားပေးပြီး ဆောင်ရွက်သင့်ကြောင်း ရေးထားပါတယ်။  

အဲ့ဒိစက်ရုံက ၂၀၂၄ ဩဂုတ်လတုန်းက ယူကရိန်းစစ်တပ်တွေရဲ့ သိမ်းပိုက်မှုကို ခံခဲ့ရပြီးနောက် ရုရှား က ပြန်တိုက်ပြီး သိမ်းထားတာပါ။ စက်ရုံက ယူကရိန်း - ရုရှား စစ်ပွဲကြားကိုရောက်နေလို့ မတော်တဆမှု တစ်ခုခု ဖြစ်ခဲ့ပါက ၁၉၈၆ ခုနှစ်က ရုရှားနိုင်ငံချာနိုဘိုင် ဒေသမှာ ပေါက်ကွဲခဲ့တဲ့ နျူ့စက်ရုံလိုပဲ ဓာတ်ရောင်ခြည် အဆိပ်သင့်မှု တွေဖြစ်သွားနိုင်ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)