ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာစံနှုန်းများ၊ နည်းစနစ်များ၊ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ အခြေခံမိတ်ဆက်ခြင်းသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာစံနှုန်းများ၊ နည်းစနစ်များ၊ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ အခြေခံမိတ်ဆက်ခြင်းသင်တန်း ဖွင့်လှစ်




ရန်ကုန်၊ သြဂုတ် ၁၇

ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force - FATF)၏ ကမ္ဘာလုံးဆိုင်ရာစံနှုန်းများ၊ နည်းစနစ်များ၊ လုပ်ထုံးလုပ်နည်း များနှင့်စပ်လျဉ်း၍ အခြေခံမိတ်ဆက်ခြင်းသင်တန်း ကို မြန်မာနိုင်ငံစာရင်းကောင်စီနှင့် မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ အထူးစုံစမ်း စ်ဆေးရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့က ရန်ကုန်မြို့ရှိ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နဝဒေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက Video Message ပေးပို့၍ အဖွင့်အမှာစကားပြောကြားသည်။

ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံ စာရင်းကောင်စီဥက္ကဋ္ဌက စာရင်းလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (Anti-Money Laundering and Countering the Financing of Terrorism -AML/CFT)အသိပညာ၊ ဗဟုသုတများသာမက နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် FATF ၏ အကြံပြုချက်များ၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာများကို သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းတွင်လည်း FATF ၏ ကမ္ဘာလုံးဆိုင်ရာစံနှုန်းများ၊ နည်းစနစ်များ၊ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ အခြေခံမိတ်ဆက်ခြင်းကို မြန်မာနိုင်ငံစာရင်းကောင်စီ၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဆွေးနွေးပို့ချ သွားမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ စာရင်းလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ယခုသင်တန်းမှ ဆွေးနွေးပို့ချမည့်ပညာရပ်များကို လေ့လာမှတ်သားပြီး မိမိတို့သာမက မိမိတို့စာရင်းလုပ်ငန်းများ၏ Client များကိုပါ AML/ CFT ဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် တွန်းအားပေးဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်ရေးလုပ်ငန်းစဉ် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့နှင့် မြန်မာနိုင်ငံစာရင်းကောင်စီတို့မှ တာဝန်ရှိသူများက FATF ၏ ကမ္ဘာလုံးဆိုင်ရာစံနှုန်းများ၊ နည်းစနစ်များ၊ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ အခြေခံမိတ်ဆက်ခြင်းကို ဆွေးနွေးပို့ချပြီး သင်တန်းပထမနေ့ကို ရုပ်သိမ်းခဲ့သည်။

သင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းမှ နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အမှုဆောင်များ၊ အသင်းသားများ၊ စာရင်းလုပ်ငန်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)