စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော သံမဏိစက်ရုံစီမံကိန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော သံမဏိစက်ရုံစီမံကိန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ


နေပြည်တော်၊ ဩဂုတ် ၁၇

စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော သံမဏိစက်ရုံစီမံကိန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က စက်မှုဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ တာဝန်ရှိသူများ၊ စီမံကိန်းကြီးကြပ်မှုကော်မတီ၊ သံမဏိစက်ရုံစီမံကိန်းများ စီမံကိန်းအကောင်အထည်ဖော်ရေး ကြီးကြပ်ဆောင်ရွက်မည့်အဖွဲ့၊ စီမံကိန်း အကောင်အထည်ဖော်ရေးအဖွဲ့နှင့် စီမံကိန်းစီမံခန့်ခွဲရေးအဖွဲ့တို့မှ အဖွဲ့ဝင်များတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သံမဏိစက်ရုံစီမံကိန်းနှစ်ခုနှင့်ပတ်သက်၍ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရေး၊ စီမံကိန်းလုပ်ငန်းများ သတ်မှတ်အရည်အသွေးများပြည့်မီရေး၊ လုပ်ငန်းများကို စနစ်တကျဖြင့်ရေးဆွဲထားရှိသည့် အချိန်ဇယားများအတိုင်းပြီးစီးရေး၊ လုပ်ငန်းအကောင်အထည်ဖော်ရာတွင် တွေ့ကြုံရမည့်အခက်အခဲများရှိပါက ဝိုင်းဝန်းဖြေရှင်းနိုင်ရေး ယခုအစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)စီမံကိန်း၏ ဒုတိယအဆင့်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းတာဝန်ခံက စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) စက်ရုံမှူးက နှစ်အလိုက်သံမဏိများထုတ်လုပ်ခဲ့မှုနှင့် ကုန်ကြမ်းများကျန်ရှိမှုအခြေအနေ၊ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) စက်ရုံမှူးက လေသန့်စင်အလုပ်ရုံ စမ်းသပ်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်နေမှု၊ စီမံကိန်းလုပ်ငန်း များတိုးတက်မှုနှင့် တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ အရည်အသွေးပြည့်မီသည့် စီမံကိန်းလုပ်ငန်းများဖြစ်စေရေး ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက် ဆွေးနွေးမှာကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)