ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တပ်ကုန်းနှင့်ကျောက်ဆည်ဒေသတို့ရှိ ရှေးဟောင်းအဆောက်အအုံများ ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တပ်ကုန်းနှင့်ကျောက်ဆည်ဒေသတို့ရှိ ရှေးဟောင်းအဆောက်အအုံများ ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး


မန္တလေး၊ ဩဂုတ် ၁၇

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယမန်နေ့က ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တပ်ကုန်းနှင့် ကျောက်ဆည်ဒေသတို့ရှိရှေးဟောင်းအဆောက်အအုံ၊ စေတီ၊ ပုထိုးများ ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့ရှိ ဦးအောင်ဇေယျဘုရားသို့ရောက်ရှိပြီး ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများ ကို ကြည့်ရှုစစ်ဆေးကာ ရှေးမူလက်ရာမပျက် စနစ် တကျထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ရန်၊ နောင်ဖြစ်ပေါ်လာနိုင်သည့် ငလျင်ဒဏ်ခံနိုင်အောင် ကြိုတင်အားဖြည့်စနစ်များပါ ထည့်သွင်းဆောင်ရွက်ရန်မှာကြားပြီး ဓာတ်တော်၊ စေတီတော်များနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ရှိကျောက်သေတ္တာစေတီ ခိုင်ခံ့စွာ ဆက်လက်တည်မြဲစေရေးအတွက် ပြန်လည်ပြုပြင်ထိန်းသိမ်း ဆောင် ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ အနော်ရထာမင်းကြီးတည်ထားခဲ့သည့် ဆည်တော်နံ ရွှေမုဋ္ဌောစေတီကြီး ပရိဝုဏ်အတွင်းရှိ စေတီ၊ ပုထိုးများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ၇ ရက်သားသမီးများလှူဒါန်းသော ကြေးဗုဒ္ဓဆင်းတုတော်၊ ဓမ္မစေတီတော်၊ ဓာတ်တော်၊ စေတီတော်များကို ရွှေမုဋ္ဌောစေတီတော်ဩဝါဒါစရိယ ဆရာတော်ကြီးများဦးဆောင်၍ အလယ်ဌာပနာတော်သွင်းလှူပူဇော်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စေတီတော်မြတ်ကြီးကို သက္ကရာဇ် ၃၉၅ ခုနှစ်တွင် အနော်ရထာမင်းကြီးက တည်ထားပူဇော်ပြီး သမိုင်းကြောင်းထင်ရှားသည့် စေတီတစ်ဆူဖြစ်သည့်အတွက် မူလ လက်ရာအတိုင်း ပြန်လည်ပြုပြင်ထိန်းသိမ်းရန်၊ နောင်ငလျင်ဒဏ်ခံနိုင်ရန်အတွက် ကြိုတင်အားဖြည့် စနစ်များအတွင်းတွင် ထည့်သွင်းတည်ဆောက်သွားရန်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းထုတ်ပြန်ထားသော SoP အတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)