အဘူဒါဘီ၊ သြဂုတ် ၁၃
အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်း သည် ယူအေအီးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် (သံတမန်ရေးရာ) H.E. Saif Abdulla Alshamisi ၁၂-၈-၂၀၂၅ ရက် ၊ ၁၁၀၀ နာရီအချိန်က သွားရောက်တွေ့ဆုံ၍ သံအမတ်ခန့်အပ်လွှာ (မိတ္တူ) ကို ပေးအပ်ခဲ့သည်။
H.E. Saif Abdulla Alshamisi က မြန်မာနိုင်ငံအနေဖြင့် အဘူဒါဘီမြို့တွင် သံရုံးအဆင့် တိုးမြှင့် ဖွင့်လှစ်ခဲ့ခြင်းအပေါ် ယူအေအီးနိုင်ငံမှ လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ သံအမတ်ကြီးအနေဖြင့်လည်း အဘူဒါဘီ မြို့တွင် အခြေပြု၍ တာဝန်ထမ်းဆောင်မည့် ပထမဆုံးမြန်မာသံအမတ်ကြီး ဖြစ်သည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ အဘူဒါဘီမြို့တွင် အခြေပြုလျက် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေး အပါအဝင် မြန်မာနိုင်ငံသားများ၏ အရေးကိစ္စများအား အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် ဆုမွန်ကောင်းတောင်းအပ် ပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ဆက်လက်၍ နှစ်နိုင်ငံအကြား တရားဝင်သံတမန်ဆက်ဆံရေး (၅) နှစ် ပြည့်မြောက်တော့မည့် ကာလအတွင်း အပြန်အလှန် သံရုံးအဆင့်များဖွင့်လှစ်၍ အခြေစိုက်သံအမတ်ကြီးများ စတင်ခန့်အပ်တာဝန် ထမ်းဆောင်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန် နားလည်မှုစာချွန်လွှာများ လက်မှတ် ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment