အာဆီယံမြို့တော်များ၏ အုပ်ချုပ်ရေးမှူးများနှင့် မြို့တော်ဝန်များ အစည်းအဝေးသို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံမြို့တော်များ၏ အုပ်ချုပ်ရေးမှူးများနှင့် မြို့တော်ဝန်များ အစည်းအဝေးသို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး တက်ရောက်





ကွာလာလမ်ပူ၊ သြဂုတ် ၁၃

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ကွာလာလမ်ပူကွန်ဗင်ရှင်းစင်တာ၌ ၁၃-၈-၂၀၂၅ ရက်တွင် ကျင်းပပြုလုပ်သည့် အာဆီယံမြို့တော်များ၏ အုပ်ချုပ်ရေးမှူးများနှင့် မြို့တော်ဝန်များ အစည်းအဝေးသို့ ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး တက်ရောက်ခဲ့သည်။ 

အဆိုပါအစည်းအဝေးသို့ အာဆီယံနိုင်ငံများ၏ မြို့တော်များမှ အုပ်ချုပ်ရေးမှူးများနှင့် မြို့တော်ဝန်များ တက်ရောက်ခဲ့ပြီး တီမောလက်စ်တေနိုင်ငံမှ လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။ 

အဆိုပါအစည်းအဝေးအား “ASEAN Future Cities and Regions: Inclusivity and Sustainability” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ရာသီဥတုလိုက်လျောညီထွေရှိမှု၊ ကြံကြံခံနိုင်မှုနှင့် စွန်ပစ်ပစ္စည်းများ ကောင်းမွန်စွာ စီမံခန့်ခွဲမှုနှင့် မြို့ပြများ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ မဟာဗျူဟာများ စသည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)