စစ်ကိုင်းမြို့တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ




စစ်ကိုင်း  ၊ သြဂုတ် ၁၃


စစ်ကိုင်းခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော  ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ အ.ထ.က(ရွှေမင်းဝံ)ကျောင်း၌ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


အခမ်းအနားကို အ.ထ.က(ရွှေမင်းဝံ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “အဓိကမျှော်တွေး ကျန်းမာရေး” သီချင်းသီဆို၍ ဖွင့်လှစ်ပေးခဲ့သည်။


ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က  အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလင်း လင်းချစ်က ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်မှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။


ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်နှင့်တာဝန်ရှိသူများက ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်း အမှတ် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ လေးများက အေရိုးဗစ်အကများဖြင့် ဖျော်ဖြေပေးခဲ့ကြသည်။


အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်နှင့်တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား သံချဆေးတိုက်ကျွေးနေမှု၊ ကျန်းမာရေးစစ်ဆေးပေးနေမှု၊ အာဟာရနို့ဆန်ပြုတ် တိုက်ကျွေးနေမှုများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။


ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်နှင့်တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မရှိခဏဘုရား၊ မဟာစည်းခုံကြီးစေတီတော်၊ ဆွမ်းဦးပုညရှင်ဘုရား၊ လေးကျွန်းမာရ်အောင်ဘုရားများ ပြန်လည်ပြုပြင်မွမ်းမံနေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


နေလင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)