ကန့်ဘလူ၌ မူလတန်းကြိုနေ့ ကလေးထိန်းကျောင်းများ၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူ၌ မူလတန်းကြိုနေ့ ကလေးထိန်းကျောင်းများ၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

 




ကန့်ဘလူ ၊  ဩဂုတ် ၁၂


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ဖွင့်လှစ်ထားရှိသည့် အစိုးရ/ပုဂ္ဂလိက မူလတန်းကြိုနေ့ကလေးထိန်းကျောင်းများ၌ မီးဘေးကြိုတင်ကာကွယ်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့မစခန်းမှူး ဦးဇော်လင်းနှင့် တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ စည်ပင်သာယာရေးအဖွဲ့နှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းဌာနတို့မှ တာဝန်ရှိသူများသည် မြို့ပေါ်ရပ်ကွက်များရှိ မူလတန်းကြိုနေ့ ကလေးထိန်းကျောင်းများတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများထားရှိမှု၊ အလင်းရောင်နှင့်လေဝင်ဘေထွက်ကောင်းမွန်စွာရရှိမှု၊ အရေးပေါ်မီးသတ်ကား ဝင်ထွက်သွားလာနိုင်မှု၊ ကျောင်းအကျယ်အဝန်း၊ ခွင့်ပြုလိုင်စင်နှင့် မှတ်ပုံတင်ထားရှိမှု၊ လျှပ်စစ်မီးကြိုးများစနစ်တကျသွယ်တန်းထားရှိမှု၊ မီးသတ်ရေပြင်ဆင်ထားရှိမှု စသည်တို့ကိုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။ ကန့်ဘလူမြို့တွင် အစိုးရမူလတန်းကြိုနေ့ကလေးထိန်းကျောင်းတစ်ကျောင်း၊ ပုဂ္ဂလိက ကျောင်းသုံးကျောင်းဖွင့်လှစ်ထားကြောင်း သိရသည်။


အောင်ဝင်းငြိမ်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)