အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက် ဂန္ဓကုဋိဘုရားကျောင်းဆောင် အသစ်ပြန်လည်တည်ဆောက်ခြင်း ရတနာပန္နက်တင် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက် ဂန္ဓကုဋိဘုရားကျောင်းဆောင် အသစ်ပြန်လည်တည်ဆောက်ခြင်း ရတနာပန္နက်တင် အခမ်းအနားကျင်းပ


မန္တလေး၊ ဩဂုတ် ၂၆

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်အတွင်း ဂန္ဓကုဋိဘုရားကျောင်းဆောင်အသစ် ပြန်လည်တည်ဆောက်လှူဒါန်းခြင်း ရတနာပန္နက်တင်အခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းတိုက်၌ ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယ မဟာဂန္ဓာရုံကျောင်းတိုက် မဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသအမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ မဟာဂန္ဓာရုံကျောင်းတိုက် မဟာနာယကချုပ်ဆရာတော် အမှူးပြုသော ဆရာတော်သံဃာတော်များက ပရိတ်တော်များ ရွတ်ဖတ်သရဇ္ဈာယ်ကြပြီး ပန္နက်တင်မင်္ဂလာအခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။

ထို့နောက် လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်ဒေသနာနှင့် ရေစက်ချတရားနာယူကြည်ညိုကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများ၌ မင်္ဂလာအချိန်တွင် ပန္နက်တော်စိုက်ထူတင်လှူပူဇော်ကြပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)