နေပြည်တော်၊ သြဂုတ် ၂၆
နေပြည်တော်တွင် ကျင်းပခဲ့သည့် အကယ်ဒမီပေးပွဲတွင် ဗုဒ္ဓဦးခေါင်းတော်ကို မဖွယ်မရာ ခြယ်သ၍ ကိုင်ဆောင်ခဲ့သော အောင်ကိုမိုး ဆိုသူကို ဒက္ခိဏသီရိမြို့နယ်တရားရုံးတွင် အမှုဖွင့် တရားစွဲဆိုထားရာ ယနေ့ (၂၆-၈-၂၀၂၅) ရက်နေ့တွင် တရားခံ အောင်ကိုမိုး ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
တရားလိုနှင့် လိုပြသက်သေများကို စစ်ဆေးပြီး တရားခံ အောင်ကိုမိုးအား အပြစ် ရှိ/မရှိ မေးမြန်းရာ အောင်ကိုမိုး က အပြစ်မရှိဟု ငြင်းဆန်ခဲ့ခြင်းကြောင့် တရားခံဘက်ကို ဆက်လက်စစ်ဆေးဆောင်ရွက်နေခြင်း ဖြစ်ပြီး ယနေ့ တရားခံ အောင်ကိုမိုးအား နှစ်ဖက်ရှေ့နေများက စစ်ဆေးခဲ့ကြောင်း သိရသည်။
တရားလို၏ ရှေ့နေ ဦးအောင်ကျော်မျိုး အား မေးမြန်းရာ "ဒီနေ့ကတော့ အောင်ကိုမိုး ကို စစ်ဆေးတယ်ပေါ့။ သူတို့က သက်သေထဲမှာ တံဆိပ်ခေါင်းတစ်ခုကို ရှေးဟောင်းဝတ်စားဆင်ယင်မှုပုံစံပါ ဆိုပြီး တင်ထားတယ်။ သူတို့ တင်ထားတဲ့ သက်သေမှာက ရှေးခေတ် ဝတ်စားဆင်ယင်မှုမှာ ဆွမ်းအုပ်ကို ကိုင်ထားတာပဲရှိတယ်။ ဘုရားဦးခေါင်းတော်ကို ကိုင်ထားတာ မရှိဘူး။ အဲဒီ တစ်ချက်ပေါ့။ နောက်တစ်ချက် က အောင်ကိုမိုး ကို မိတ်ကပ်ခြယ်သပြီး အောင်ကိုမိုး ဟုတ်/ မဟုတ် မေးရင်း ဘယ်လို ဖြေမလဲ ဆိုတော့ ဟုတ်ပါတယ်တဲ့။ အဲဒါဆိုရင် ဗုဒ္ဓပုံတော်ကို နားကပ်တွေ၊ ဆံတောက်တွေ တပ်ပြီး ဗုဒ္ဓပုံတော် မဟုတ်ပါဘူးလို့ ငြင်းမလား ပေါ့။ နောက်ရုံးချိန်းတွေကတော့ တရားသူကြီး က သတ်မှတ်ပေးပြီးသားပါ။ သူတို့ ဘက်က သက်သေတင်ထားတာတွေ နောက်ရုံးချိန်းတွေမှာ ဆက်စစ်ဆေးသွားမှာပါ" ဟု ပြောသည်။
ယနေ့ ရုံးချိန်းသို့ နေပြည်တော် အမျိုးသားရေးအဖွဲ့မှ ဆရာတော်သံဃာတော်များ၊ လူပုဂ္ဂိုလ်များ သွားရောက်ခဲ့ကြသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment