မြောက်ဥက္ကလာပ၊ သြဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိမဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြောက်ဥကွ္ကလာပမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ နှင့် တာဝန်ကျ ဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့ကနံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်၊ အာသာဝတီလမ်းရှိ အောင်ဓမ္မာရုံ၌ ကွင်းဆင်း ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၁) ဗိုလ်မှူးဖြိုးဝေလင်း နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ကအမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိက မြန်မာအီလက်ထရောနစ်မဲပေးစက် အကြောင်း သိကောင်းစရာများ ၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့်စမ်းသပ်မဲပေးမှု အဆင့်ဆင့်ကို ရှင်းလင်းပြသခဲ့ပေးကြပြီး တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအ သီးသီးမှတာ၀န်ရှိသူများ ၊ လူမှုကူညီရေးအဖွဲ့များ ၊ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း (၁၀၄၉)ဦးခန့်မှ စိတ်ပါဝင်စားစွာ လက်တွေ့စမ်းသပ်မဲ ပေးခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment