သာစည်မြို့နယ်တွင် အလုပ်ခွင်ထိခိုက်မှုကြောင့်သေဆုံးသူအတွက် ကျန်ရစ်သူငွေလုံးငွေရင်း အကျိုးခံစားခွင့် ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ်တွင် အလုပ်ခွင်ထိခိုက်မှုကြောင့်သေဆုံးသူအတွက် ကျန်ရစ်သူငွေလုံးငွေရင်း အကျိုးခံစားခွင့် ထုတ်ပေး


သာစည်၊ ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသောအမှတ်(၃) တန် ၁၂၀၀ ဘိလပ်မြေစက်ရုံမှ အာမခံအလုပ်သမား အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့်အတွက် ကျန်ရစ်သူငွေလုံးငွေရင်း အကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက်က မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအကြောင်း သိကောင်းစရာ မကျန်းမာမှုအတွက် ဆေးကုသမှုခံယူခွင့်နှင့်ငွေကြေးအကျိုးခံစားခွင့်၊ကိုယ်ဝန်ဆောင်မှုမီးဖွားမှုအတွက် ဆေးကုသမှုငွေကြေးအကျိုးခံစားခွင့်နှင့်မီးဖွားစရိတ်၊ အာမခံအလုပ်သမားသေဆုံးမှုအတွက် နာရေးစရိတ်ခံစားခွင့်၊ အလုပ်တွင်ထိခိုက်မှုကြောင့် ယာယီမသန်စွမ်းမှု၊ အမြဲတမ်းမသန်စွမ်းမှုနှင့် ကျန်ရစ်သူငွေလုံးငွေရင်းအကျိုးခံစားခွင့် စသည် အာမခံအလုပ်သမားများ ခံစားရမည့် အကျိုးခံစားခွင့်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးတာဝန်ခံ အရာရှိနှင့်မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံးမှ ဦးစီးအရာရှိဦးထက်လွင်တို့က သာစည်မြို့နယ်အမှတ် (၃)တန် ၁၂၀၀ ဘိလပ်မြေစက်ရုံမှ အာမခံ အလုပ်သမားဦးဘိုလင်း၏ အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူငွေလုံးငွေရင်း အကျိုးခံစားခွင့် ငွေကျပ် ၃၆၀၀၀၀၀ ကိုစက်ရုံတာဝန်ရှိသူများနှင့် မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံးဝန်ထမ်းများရှေ့မှောက်တွင် သေဆုံးသူ ၏ဇနီးဒေါ်ခင်မျိုးမြင့်ထံပေးအပ်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)