ရွှေတောင်မြို့နယ်တွင်၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် မိုးစပါးရာသီတွင် မိုးစပါးဧက (၅၈၁၆၃) လျာထားစိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင်၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် မိုးစပါးရာသီတွင် မိုးစပါးဧက (၅၈၁၆၃) လျာထားစိုက်ပျိုးပြီးစီး



ရွှေတောင် ၊  သြဂုတ် ၁၂


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးကို အဓိကဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်နှင့် ဆန်စပါးဖူလုံစေရန် ရည်ရွယ်၍ ယခုနှစ်တွင် မိုးစပါး (၅၈၁၆၃) လျာထားဧကစိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရွှေတောင်မြို့နယ်တွင် ယခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာတွင် မှော်ဘီ(၂)၊ ရတနာတိုး၊ ဗီယက်နမ်၊ ရက်(၉၀) စသည့် စပါးမျိုးများကို ပျိုးထောင်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်/လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးလျက်ရှိပြီး လျာထားဧကပြည့်မှီစွာ စိုက်ပျိုးပြီးစီးကြောင်း သိရသည်။

ရွှေတောင်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေးအတွက် စိုက်ပျိုးနည်းစနစ်သင်တန်းများ ဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြသခြင်း၊ သွင်းအားစုများ ထောက်ပံ့ပေးခြင်း၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာရောစပ်ကြဲပက်ခြင်းများ၊ စပါးအထွက်နှုန်းတိုးတက်မြင့်မားစေရန် တောင်သူများအား နည်းပညာပေးခြင်း၊ လယ်ယာကဏ္ဍသီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး၊ အရည်အသွေးကောင်းမွန်စေရေး၊ မိုးစပါးစိုက်ပျိုးထုတ်လုပ်ရာတွင် စီးပွားရေးအရတွက်ခြေကိုက်သည့် အထွက်နှုန်းမြင့်မားပြီး အရည်အသွေးကောင်းမွန်သော မျိုးကောင်းမျိုးသန့်စပါးမျိုးများအား တောင်သူများ ပိုမိုကျယ်ပြန့်စွာ စိုက်ပျိုးသွားနိုင်ရန် ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)