မန္တလေး၊ ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၅ခုနှစ် အပြည်ပြည် ဆိုင်ရာလူငယ်များနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက မဟာအောင်မြို့ နယ်ရှိ Y Mandalay Hotel ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသ ကြီးအားကစားဆပ်ကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊မန္တလေးပညာရေး ဒီဂရီကောလိပ်မှကျောင်းအုပ်ကြီး၊ဆရာဆရာမများ၊ကျောင်းသားကျောင်းသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)မှ အုပ်ချုပ်သူများ၊ နည်း ပြများ၊ ကျောင်းသားကျောင်းသူများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ဝင်များ၊ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊တက်ရောက်လာကြသူများ က နိုင်ငံတော်သီချင်းကို သီဆိုကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအားအလေးပြု၍ အခမ်းအနားကိုဖွင့်လှစ်ပြီးနောက် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသူများက မင်္ဂလာပါတေး သီချင်းဖြင့် ဂုဏ်ပြုတင်ဆက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြော ကြားရာတွင် လူငယ်စွမ်းအားမှသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် များတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရန်အတွက် ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်လာစေရန် လူငယ် ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ခေတ်မီတိုးတက် လာသော အဆင့်မြင့်ပညာရေး နှင့် နည်းပညာတိုးတက်ဖွံ့ဖြိုးမှု အရှိန် အဟုန်တို့ကို အခြေခံပြီး ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ဟန်ချက် ညီစွာမြှင့်တင်ပေးနိုင်ရန် နှင့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ဆောင်ပုဒ်ဖြစ်သည့်"လူငယ်စွမ်းအားမှသည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် မှုပန်းတိုင်ဆီသို့"အတိုင်း လူငယ်များစဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်စေရန် အားလုံး ဝိုင်းဝန်းဖော်ဆောင် ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း ပြော ကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ၏ ၂၀၂၅ ခုနှစ် အပြည်ပြည် ဆိုင်ရာလူငယ်များနေ့အတွက် ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားပြီး နောက် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်း Video clip အား ပြသခဲ့သည်။
အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက မန္တလေးတိုင်းဒေသကြီးမှ ထူးချွန်လူငယ်များ၊ နိုင်ငံတကာအားကစားပြိုင်ပွဲများ နှင့် လူငယ်များနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများ နှင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် အကအဖွဲ့များကို ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ကြောင်း နှင့် ကျောင်းသူများ၏ ကပြဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment