ဘားအံမြို့၌ စက်ချုပ်နည်းပညာသင်တန်း(ဒုတိယအကြိမ်) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့၌ စက်ချုပ်နည်းပညာသင်တန်း(ဒုတိယအကြိမ်) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

 



ဘားအံ ၊  ဩဂုတ် ၂၇


ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဟူသော မျှော်မှန်းချက်နှင့်အညီ ဌာန၏လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စက်ချုပ်နည်းပညာသင်တန်း (ဒုတိယအကြိမ်) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ၂၅ ရက်နေ့က နောင်ကမြိုင်‌ကျေးရွာအုပ်စု၊ နောင်ကမြိုင်ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။


သင်တန်းဆင်းပွဲတွင် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကြူကြူလှိုင်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဝင် အဖွဲ့ခေါင်း‌ဆောင်မှ သင်တန်းထွက်ကုန်ချောပစ္စည်းများကို ချီးမြှင့်ပေးအပ်ခဲ့သည်။


အဆိုပါ စက်ချုပ်နည်းပညာသင်တန်း (ဒုတိယအကြိမ်) တွင် သင်တန်းသူ (၁၀) ဦးဖြင့် ဩဂုတ်လ ၁၁ ရက်နေ့မှ ဩဂုတ်လ ၂၅ ရက်နေ့အထိ စာတွေ့၃၀%နှင့် လက်တွေ့ ၇၀% ဖြင့် (၁၅) ရက်ကြာ သင်ကြားပို့ချ‌ခဲ့ပြီး ထူးချွန်‌သင်တန်းသူ (၅) ဦးကိုလည်း လုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)