မိုင်းရှူးမြို့၌ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံမိတ်ဆက်ခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅ ) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရှူးမြို့၌ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံမိတ်ဆက်ခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅ ) ပြုလုပ်

 




‎မိုင်းရှူး  ၊ သြဂုတ် ၂၇


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲ(၂)နာရီအချိန်က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံမိတ်ဆက်ခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ပြုလုပ်ခဲ့သည်။


‎ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းလှိုင်က မိတ်ဆက်ခြင်းနှင့် အဖွင့်အမှာစကားပြောကြားပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားပေးခဲ့သည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နန်းဝိုခမ်းက ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။


‎သန်းလူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)