ဇေယျာသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး ရေကျော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇေယျာသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး ရေကျော်




ဇေယျာသီရိ ၊  ဩဂုတ် ၂၇


ဇေယျာသီရိမြို့နယ်၌ ဩဂုတ်လ ၂၆ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး ပင်လောင်းလမ်းဆုံ၌ ကားလမ်းမကြီးပေါ် ရေကျော်လျက်ရှိကြောင်းသိရသည်။


ထိုရေကျော်သည့်နေရာ၌ ဇေယျာသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသူနှင့် မီးသတ်တပ်ဖွဲ့များ၊ ပျဉ်းမနားမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်သူရကျော်နှင့် တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များက ပင်လောင်းလမ်းဆုံရေကျော်သည့်နေရာ၌ လမ်းသွားလမ်းလာအများပြည်သူများ၊ ကား၊ ဆိုင်ကယ်နှင့် ကုန်တင်ကားများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။


အဆိုပါရေကျော်သည့်နေရာ၌ ယနေ့ မွန်းလွဲ ၂ နာရီအချိန်ထိ ၇ လက်မခန့် ရေကျော်လျက်ရှိကြောင်း သိရသည်။


ထွန်းလင်း(ဇေယျာမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)