ပေကျင်း၊ ဩဂုတ် ၁၇
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ၊ တရုတ်-အိန္ဒိယ နယ်နိမိတ်အရေးဆိုင်ရာ တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် ဝမ်ရိသည် အိန္ဒိယနိုင်ငံ၏ ဖိတ်ကြားမှုအရ ဩဂုတ် ၁၈ ရက်မှ ၂၀ ရက်အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်ကာ နယ်နိမိတ်အရေးဆိုင်ရာ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံမှ အထူးကိုယ်စားလှယ်များအကြား ၂၄ ကြိမ်မြောက် ဆွေးနွေးပွဲအား ပြုလုပ်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၁၆ ရက်၌ ကြေညာခဲ့သည်။
ဝမ်ရိမှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost

No comments:
Post a Comment