မြောင်းမြမြို့ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများက ရုံးတောကျေးရွာရှိ ပြည်သူ ၆၀၀ ခန့်အား ဆေးကုသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြမြို့ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများက ရုံးတောကျေးရွာရှိ ပြည်သူ ၆၀၀ ခန့်အား ဆေးကုသ








အိမ်မဲ၊ သြဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ရုံးတောကျေးရွာ အ-ထ-က (ခွဲ) ရုံးတောကျောင်းတွင် မြောင်းမြမြို့ ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း၍ ရုံးတောကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများအား ယနေ့နံနက် ၇နာရီက စတင်၍ အခမဲ့ဆေးကုသပေးသည်။

ကွင်းဆင်းဆေးကုသပေးခြင်းကို   မြောင်းမြပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီးဦးဆောင်၍ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး၊ အရိုးအထူးကုဆရာဝန်ကြီး၊ အထွေထွေရောဂါကုသမားတော်၊ ကလေးအထူးကုဆရာဝန်၊ မျက်စိအထူးကု ဆရာဝန်၊ အရေပြား အထူးကုဆရာဝန်၊ သွားဘက်ဆိုင်ရာ အထူးကုဆရာဝန်နှင့် နှား/နှာခေါင်း/လည်းချောင်း အထူးကုဆရာဝန် တို့ပါဝင်သော အထူး ဆေးကုသရေးအဖွဲ့သည် သြဂုတ်၁၇ရက်တွင် အိမ်မဲမြို့နယ် ရုံးတောကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ  ဒေသခံပြည်သူများအား ကွင်းဆင်း ကုသမှုများ ဆောင်ရွက်သည်။

ထိုသို့ကုသပေးခဲ့ရာ အထွေထွေရောဂါလူနာ(၁၄၈)ဦး၊ သားဖွားမီးယပ် လူနာ(၃၈)ဦး၊ ကလေးလူနာ (၂၄)ဦး၊ အရိုးနှင့်ထိခိုက်ဒဏ်ရာလူနာ(၁၂၉) ဦး၊ မျက်စိလူနာ (၁၂၂)ဦး၊ နား၊ နှာခေါင်း လည်ချောင်းလူနာ (၃၁)ဦး၊ အရေပြားဆိုင်ရာလူနာ (၂၉)ဦး၊ သွားဘက်ဆိုင်ရာလူနာ(၅၄)ဦး တို့ကို ကြည်ရှုကုသပေးခဲ့ပြီး၊ လူနာ (၂၄)ဦးအား မြောင်းမြမြို့ပြည်သူဆေးရုံကြီး၌ လိုအပ်သော ကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် ညွှန်းပို့စီစဉ်ဆောင်ရွက်ခဲ့သည်။ လာရောက်ဆေးကုသမှု ခံယူသည့် ဒေသခံပြည်သူများအား  ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင် ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက စားသောက်ဖွယ်ရာများ  ပေးအပ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ချစ်သက်လယ် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)