ပေါင်၊ ဩဂုတ် ၁၇
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ပြည်သူများအား ဥပဒေအသိပညာရရှိစေရန် ဥပဒေအသိပညာပေးဟောပြောပွဲကိုယနေ့နံနက်(၁၀)နာရီက အထက (မုတ္တမ)ကျောင်း၌ ပြုလုပ်ခဲ့ရာမွန်ပြည်နယ်ဥပဒေချုပ်ရုံးဦးမြင့်အောင်နှင့် သထုံခရိုင်ဥပဒေအရာရှိနှင့်မြို့နယ်ဥပဒေအရာရှိနှင့်ဝန်ထမ်းများ၊မြို့နယ်စီမံခန့်ခွဲရေးနှင်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်ဥပဒေအရာရှိနှင့် ဝန်ထမ်းများ ၊ဌာနဆိုင်ရာများ၊ကျေးရွာပြည်သူ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့သည်။
ဟောပြောပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်၊ပုဒ်မ ၄၂၇ (က) ပြဌာန်းချက်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်များဖွဲ့စည်းခြင်းမပြုနိုင်သေးမီ ဥပဒေပြုရေး၊အုပ်ချုပ်ရေး၊တရားစီရင်ရေးအာဏာတို့ကို ကျင့်သုံးဆောင်ရွက်လျက်ရှိပါကြောင်း၊အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ဦးတည်ချက် (၄)ရပ်ကိုအကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ဥပဒေပညာဘာသာရပ်သည် နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် ပညာဘာသာရပ်တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်းအနေဖြင့် ဥပဒေပညာဘာသာရပ်ကို သိရှိလိုက်နာစောင့်ထိန်းကြရသည့် ပြဋ္ဌာန်းသတ်မှတ်ထားသော စည်းကမ်းကျင့်စဥ်ကြီးတစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်းသည်နိုင်ငံတော်ကထုတ်ပြန်ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများကို လေးစားလိုက်နာစောင့်ထိန်းကြရမည်။ ဥပဒေက မလုပ်ရန်၊ရှောင်ရှားကြရန်တားမြစ်ထားသောပြဋ္ဌာန်းချက်များကို မလိုက်နာပါက ဥပဒေ၏ပြစ်ဒဏ်ပေးခြင်းတို့ကိုခံစားကြရမှာဖြစ်ပါကြောင်း၊
ဥပဒေအသိပညာပြန့်ပွားပေးရခြင်းမှာ နိုင်ငံသားတိုင်းဥပဒေအသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ဥပဒေအသိအမြင်၊ဥပဒေအတွေးအခေါ်၊ဥပဒေစိတ်ထားများ၊ဥပဒေစကားများပိုမိုပေါ်ထွန်းလာစေရေးတို့အတွက်ရည်ရွယ်ပြီးပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)၊သိမှတ်ဖွယ်ရာဥပဒေရေးရာအဖြာဖြာ၊ပြည်သူ့စစ်မှုထမ်းဥပဒေ(၂၀၁၀ခုနှစ်)၊လောင်းကစားဥပဒေ၊အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ဆက်သွယ်ရေးဥပဒေ၊ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊နိုင်ငံဝန်ထမ်းဥပဒေ၊ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးနှင့် လူကုန်းကူးမှုတားဆီးကာကွယ်ရေး ဆိုင်ရာဥပဒေတို့ကို ဟောပြောခဲ့သည်။
ဆက်လက်၍ ကျေးရွာနေပြည်သူများ က သိလိုသည်များကို မေးမြန်းခဲ့ရာ သထုံခရိုင်ဥပဒေအရာရှိ ဦးသန့်ဇင်အေးက ပြန်လည်ဖြေကြားပေးခဲ့သည်။ထို့နောက် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က (အထက)မုတ္တမ စာကြည့်တိုက်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်ထောင်စုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ဥပဒေ၊ နည်းဥပဒေ၊လုပ်ထုံးလုပ်နည်း၊အမိန့်နှင့် ကြေညာချက်များ ၄၃၇ မျိုးကို အထက (မုတ္တမ)ကျောင်းဆရာမ ဒေါ်ခင်လှဦး ထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေ အသိပညာပေးလက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost




No comments:
Post a Comment