စာကြည့်တိုက်အခြေပြု သင်ကြားသင်ယူမှုအားပေးမည့် အစီအမံများ ချမှတ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စာကြည့်တိုက်အခြေပြု သင်ကြားသင်ယူမှုအားပေးမည့် အစီအမံများ ချမှတ်ဆောင်ရွက်


နေပြည်တော်၊ ဩဂုတ် ၃

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ၁-၈-၂၀၂၅ ရက်နေ့က နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စာကြည့်တိုက်အခြေပြု သင်ကြားသင်ယူမှု အားပေးမည့်အစီအမံများ ချမှတ်ဆောင်ရွက်ရေး ဆွေးနွေးမှာကြားသည်။

တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ဦးစီးဌာနအလိုက် မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းရပ်များကို တင်ပြကြစေလိုပါကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ပညာရေး လုပ်ငန်းများအောင်မြင်စေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ ကိန်းဂဏန်းအချက်အလက်ဒေတာများ တိကျမှန်ကန်မှုရှိစေရန် အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရုံးနှင့်ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပရဝဏ် သန့်ရှင်းသာယာစေရေးအတွက် အမြဲမပြတ် ပုံမှန်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ စာကြည့်တိုက်များရှိ စာအုပ်စာရင်းများ စနစ်တကျထားရှိရန်နှင့် စာကြည့်တိုက်အခြေပြု သင်ကြားသင်ယူမှု အားပေးမည့်အစီအမံများ ချမှတ် ဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးများနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးညွှန်ကြားရေးမှူးများက လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)