TNLA အကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နေသူများကို မြို့နေပြည်သူများက ဖမ်းဆီး အပ်နှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

TNLA အကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နေသူများကို မြို့နေပြည်သူများက ဖမ်းဆီး အပ်နှံ


TNLAအကြမ်းဖက်သောင်းကျန်းသူများနှင့် ဆက်သွယ်လျက်ရှိသောသူများ နောင်ချိုမြို့အတွင်း ဝင်ရောက်လာချိန်တွင် မြို့နေပြည်သူလူထုမှ ဖမ်းဆီး၍ တာဝန်ရှိသူများထံလာရောက်အပ်နှံပေးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့တွင် ရှိနေသည့် ကိုခိုင်ဇော် က "နောင်ချိုမြို့အတွင်းဝင်ရောက်လာသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် ဆက်သွယ်လျက်ရှိသောသူများအား မြိုနေပြည်သူလူထုမှဖမ်းဆီး၍ တာဝန်ရှိသူများထံ လာရောက်အပ်နှံတာတွေ နေ့စဉ်နဲ့အမျှရှိနေတဲ့အတွက် ယခင်TNLA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပေါင်းပြီး ဒေသခံပြည်သူလူထုကို မျက်ရည်ပေါက်ကြီး/ငယ်ကျအောင် ပြုလုပ်ခဲ့သူများအတွက် နောင်ချိုဟာ လွယ်လင့်တကူ ပြန်လည်နေထိုင်ကြဖိုတော့ မျှော်လင့်ချက်မရှိနေပါဘူး။" ဟု ပြောဆိုထားသည်။

TNLA/PDF အကြမ်းဖက်အဖွဲ့များ နောင်ချိုမြို့နယ်အတွင်း ဝင်ရောက်လာချိန်တွင် ဒေသခံတချို့က အကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်း၍ ကိုယ့်ဒေသခံ ပြည်သူအချင်းချင်း ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခိုင်းသည်အထိ ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်များကို ကျူးလွန်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)