ရှမ်းပြည်နယ်၊ နောင်ချိုမြို့အား တပ်မတော်မှ ပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် ဒေသခံများပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ဒေသခံများလုံခြုံရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တပ်မတော်သားများနှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် နောင်ချိုမြို့၊ (၄)ရပ်ကွက်၊ နယ်မြေ(၉)ရှိ နေအိမ်များအတွင်းသို့ တပ်မတော်သားဟန်ဆောင်၍ ဝင်ရောက်ပြီး ပစ္စည်းများခိုးယူနေသူကို ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးပြီး တပ်မတော်စစ်ကြောင်းရှိရာသို့ လာရောက်အပ်နှံခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment