ကြံခင်းမြို့၌ ဆောင်းဆီထွက်သီးနှံ ပဲပုပ်လျာထားဧက ပြည့်မီစွာစိုက်ပျိုးနိုင်ရန် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့၌ ဆောင်းဆီထွက်သီးနှံ ပဲပုပ်လျာထားဧက ပြည့်မီစွာစိုက်ပျိုးနိုင်ရန် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး




ကြံခင်း၊ ဩဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်းဆီထွက်သီးနှံ ပဲပုပ်လျာထားဧက ပြည့်မီစွာစိုက်ပျိုး နိုင်ရန် တောင်သူနှင့်တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင် က အဖွင့်အမှာစကားပြောကြားရာတွင် ဒေသအတွင်း စားရေရိက္ခာဖူလုံစေရေးအတွက် စီမံချက်များ ချမှတ်၍ နှစ်စဉ်အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆောင်းဆီထွက်သီးနှံဖြစ်သော ပဲပုတ်သီးနှံလျာထားဧက ပြည့်မီစွာစိုက်ပျိုးနိုင်ရေးအတွက် ရွာသစ်ရပ်ကွက်၊ မြို့မရပ်ကွက်၊ ရွှေတောင်စု ရက်ကွက်နှင့် တလိုင်းကွင်းကျေးရွာ တို့မှ ပဲပုပ်စိုက်ပျိုးကြမည့် တောင်သူများနှင့်တွေ့ဆုံကာ အချိန်မီ စိုက်ပျိုးနိုင်ရေး နိုင်ငံတော်မှ ကူညီပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပဲပုပ် စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုးကာ ဒေသအတွင်း ဆီဖူလုံမှုကိုလည်း ရရှိလာမည်ဖြစ်ကြောင်း၊ တောင်သူများ ကလည်း မိမိတို့ ၏အခက်အခဲများနှင့် စိုက်ပျိုးရာတွင်လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ကြစေလိုကြောင်း၊ ဒါမှသာ မိမိတို့အုပ်ချုပ်မှုအပိုင်းမှ ကူညီဆောင်ရွက်ပေးနိုင်သည့် ကိစ္စများကို ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ယခင်နှစ် ပဲပုပ်စိုက်ပျိုးတောင်သူ ဦးအောင်သူက ပဲပုတ်စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ ရာသီအချိန်မီစိုက်ပျိုး‌ နိုင်ရေး၊ လက်ရှိဈေးကွက်အခြေအနေ၊ အကျိုးအမြတ်ရရှိမှု အခြေအနေနှင့် မျိုးရရှိမှုအခြေအနေများ အား ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် တောင်သူများက ပဲပုပ်စိုက်ပျိုးရန်အတွက် မျိုးကောင်း မျိုးသန့်များ ရရှိရေး၊ ထွန်ယက်စိုက်ပျိုးရာ၌ လိုအပ်သောအကူအညီများ ပံ့ပိုးကူညီပေးစေလိုကြောင်း တောင်သူများက တင်ပြကြရာ မြို့နယ်စိုက်တိုးမြှင့်ကော်မတီဥက္ကဋ္ဌက ပဲပုပ်မျိုးရရေးနှင့် တောင်သူများ၏ ဆွေးနွေး တင်ပြချက်များအပေါ်  လိုအပ်သည်များ ဖြည့်ဆည်း‌ပေါင်းစပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း နိဂုံးချုပ်ပြောကြားသည်။ အဆိုပါအခမ်းအနားသို့ ရွာသစ်ရပ်ကွက်၊ မြို့မရပ်ကွက်၊ ရွှေတောင်စုရပ်ကွက် နှင့် တလိုင်းကွင်းကျေးရွာ တို့မှ တောင်သူ(၁၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)