ပြိုင်ပွဲအတွက်သာမက ကစားသမားတွေ စီနီယာအသင်းကို ကိုယ်စားပြုနိုင်တဲ့အထိ ခြေစွမ်းတိုးတက်လာစေဖို့ ပြင်ဆင်ကြိုးစားသွားမှာပါ ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၆ အသင်းနည်းပြချုပ် ကူမီကို ပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြိုင်ပွဲအတွက်သာမက ကစားသမားတွေ စီနီယာအသင်းကို ကိုယ်စားပြုနိုင်တဲ့အထိ ခြေစွမ်းတိုးတက်လာစေဖို့ ပြင်ဆင်ကြိုးစားသွားမှာပါ ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၆ အသင်းနည်းပြချုပ် ကူမီကို ပြော



ဆူရာကာတာမြို့၊ သြဂုတ် ၂၁

အင်ဒိုနီးရှားနိုင်ငံ ဆူရာကာတာမြို့တွင် ကျင်းပမည့် အဆီယံ အမျိုးသမီး ယူ-၁၆ ပြိုင်ပွဲ အုပ်စု (ဂ) အတွက် ပွဲကြိုသတင်းစာရှင်းလင်းတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၆ အသင်း နည်းပြချုပ် Ms. Kumiko Tashiro က ပြိုင်ပွဲအတွက် ၁၀၀ ရာခိုင်နှုန်း အားစိုက်ထုတ် ကြိုးစားမည့်အပြင် စီနီယာလက်ရွေးစင် အသင်းအတွက်ပါ ကစားသမားများ ထွက်ပေါ်နိုင်အောင် ကြိုးစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 နည်းပြချုပ် ကူမီကိုက "ပြိုင်ပွဲမှာ ကျွန်မတို့အနေနဲ့ ကိုယ့်မှာရှိတဲ့ အင်အားကို ၁၀၀ ရာခိုင်နှုန်း ထုတ်ဖော်နိုင်အောင် ကြိုးစားပြင်ဆင်ထားပါတယ်။ ပြိုင်ပွဲအတွက်သာမကဘဲ ကစားသမားလေးတွေရဲ့ အရည်အသွေး တိုးတက်လာပြီး စီနီယာ လက်ရွေးစင်အသင်းကို ကိုယ်စားပြုနိုင်တဲ့အထိအတွက်ပါ ပြင်ဆင်ကြိုးစားမှာပါ။ ကျွန်မအနေနဲ့ အင်ဒိုနီးရှားကို ပထမဆုံးအကြိမ် ရောက်လာတာဖြစ်ပါတယ်။ ရာသီဥတုက အေးမြပြီးတော့ ဟိုတယ်ရော အစားအသောက်ရော သေချာပြင်ဆင်ပေးထားတဲ့အတွက် အထောက်အကူဖြစ်မယ်လို့ ထင်ပါတယ်။ တစ်ပွဲချင်းစီကို အနိုင်ရအောင် အာရုံစူးစိုက်ပြီးတော့ ယှဉ်ပြိုင်သွားမှာပါ"ဟု ပြောကြားခဲ့သည်။

 မြန်မာအသင်းသည် အုပ်စု (ဂ) ပွဲစဉ်များအဖြစ် ဩဂုတ် ၂၃ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃း၀၀ နာရီတွင် ကမ္ဘောဒီးယားအသင်းနှင့်လည်းကောင်း၊ ဩဂုတ် ၂၅ ရက် မြန်မာစံတော်ချိန် ည ၇း၀၀ နာရီတွင် ဗီယက်နမ် အသင်းနှင့်လည်းကောင်း ကစားရမည်ဖြစ်သည်။ ပြိုင်ပွဲကို အုပ်စု သုံးခုခွဲထားပြီး အုပ်စုပထမ သုံးသင်းနှင့် အကောင်းဆုံး အုပ်စု ဒုတိယတစ်သင်းတို့ ဆီမီးဖိုင်နယ်သို့ တက်ရောက်မည်ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)