ကျောက်ဆည်မြို့နယ်တွင် ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းချရဖြင့် မိသားစုများ အဆင်ပြေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းချရဖြင့် မိသားစုများ အဆင်ပြေ




​ကျောက်ဆည်  ၊ ဩဂုတ် ၂၁


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်၊ စပါးအပြင် နေ့စဉ်ဝင်ငွေရရှိသည့် သီးပင်စားပင်များ စိုက်ပျိုးလျက်ရှိရာ ထားဝယ်ကျေးရွာတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းချရသဖြင့် မိသားစုများ အဆင်လျက်ရှိကြောင်း သိရသည်။


ရုံးပတီသီးနှံသည် စိုက်ပျိုးပြီး ရက်ပေါင်း (၆၀) ကျော်တွင် စတင်ခူးဆွတ်နိုင်ပြီး နေ့စဉ်ခူးဆွတ်ရောင်းချရသည့် သီးနှံတစ်မျိုးဖြစ်ကြောင်းနှင့် (၁) ဧက စိုက်ပျိုးမည်ဆိုပါက မျိုးစေ့နှင့် မြေပြိုခြင်း၊ အပင်ငယ်ချိန် ပေါင်းမြက်ရှင်းလင်းခြင်း၊ သွင်းအားစုနှင့်ရေသွင်းခြင်း စုစုပေါင်း ကုန်ကျငွေကျပ် (၅) သိန်း ကျော်ခန့် ကုန်ကျကြောင်း၊ ရောင်းဈေးအနေနှင့် ဈေးကွက်အပေါ်မူတည်၍ တစ်ပိဿာလျင် ငွေကျပ် (၁၀၀၀) မှ (၁၂၀၀) ကျပ်အထိ ရောင်းချရကြောင်း၊ တစ်ဧကစိုက်ပျိုးထားပါက စတင်ခူးဆွတ်ချိန်တွင် (၁၅) ပိဿာခန့် ခူးဆွတ်ရပြီး အသီးလှိုင်လှိုင်သီးချိန်တွင် အပင်ကောင်းမွန်မှုအပေါ် မူတည်၍ (၆၀) ပိဿာမှ (၈၀) အထိ ခူးဆွတ်ရောင်းရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ရုံးပတီစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။


ရုံးပတီသီးနှံစိုက်ပျိုးမည်ဆိုပါက အစိုဓာတ်လုံလောက်စွာရရှိရေး ရေသွင်းပေးရပြီး (၂) ပေခွဲ အကျယ်ခန့် မြေဘောင်များ ပြုလုပ်ကာ လေဝင်လေထွက်ကောင်းမွန်ရေး တစ်ပင်နှင့်တစ်ပင် (၂) ပေ အကွာတွင် မြေကျင်းများပြုလုပ်၍ အစေ့တိုက်ရိုက်ချစိုက်ပျိုးနိုင်ပြီး အပင်ငယ်ချိန်တွင် မြေဆွခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ လိုအပ်သည့်အချိန်တွင် မြေဆီမြေဩဇာထည့်ခြင်း၊ ပိုးမွားကာကွယ်ဆေးဖြန်းခြင်းများ၊ ပြုလုပ်ပေးပါက အသီးအထွက်နှုန်းပိုမိုကောင်းမွန်ကြောင်း၊ ရာသီဥတုနှင့် အပင်အပြုအစုကောင်းပါက ရက်ပေါင်း (၉၀) အထိ နေ့စဉ်ခူးဆွတ်ရောင်းချရသဖြင့် စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။


သက်မောင်(ကျောက်ဆည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)