ရမည်းသင်းမြို့နယ်၌ ရွေးကောက်ပွဲအကြို လုပ်ငန်းညှိနှိုင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ရမည်းသင်းမြို့နယ်၌ ရွေးကောက်ပွဲအကြို လုပ်ငန်းညှိနှိုင်း

 



ရမည်းသင်း ၊  သြဂုတ် ၂၁


၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်​တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရမည်းသင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။


ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးတင်​မောင်မြင့်က  အမှာစကားပြောကြားခဲ့ပြီး အတွင်းရေးမှူး ဦးနေမျိုးအောင်က ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များက  ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက်တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အဖွဲ့ခွဲဝင်များမှ ပြန်လည်ဆွေးနွေးမေးမြန်းခဲ့​ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)