ICC က တရာသူကြီးတွေနဲ့ ရှေ့နေတွေကို အမေရိကန်က ပိတ်ဆို့အရေးယူမှုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ICC က တရာသူကြီးတွေနဲ့ ရှေ့နေတွေကို အမေရိကန်က ပိတ်ဆို့အရေးယူမှုလုပ်


ဩဂုတ် - ၂၁ ( ကြာသပတေးနေ့ )

အမေရိကန် စစ်သားတွေနဲ့ အစ္စရေး အရာရှိတွေကို အမှုဖွင့်ပြီး စုံစမ်းစစ်ဆေူမှုတွေ လုပ်နေတဲ့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) ရဲ့ တရားသူကြီး နှစ်ဦး နဲ့ အစိုးရရှေ့နေ နှစ်ဦးအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့ အိမ်ဖြူတော် ထုတ်ပြန်ချက်တစ်ခုအရ တရားသူကြီး ကင်ဘာလီပရို့စ် သည် အာဖဂန်နစ္စတန်တွင် အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်နှင့်ပတ်သက်ပြီး သည်ဟေ့ဂ် အခြေစိုက် တရားရုံး၏ စုံစမ်းစစ်ဆေးမှုကို အတည်ပြုပေးလိုက်တဲ့ အတွက် ၎င်းကို အမေရိကန်က အမည်ပျက်စာရင်းသွင်းလိုက်တယ်လို့ သိရပါတယ်။ 

တရားသူကြီး နိကိုလက်ယန်းဂွီလျူ ကိုတော့ ဂါဇာတွင် စစ်ရာဇ၀တ်မှုများ လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဂေါ်လန်တို့ကို ဖမ်းဝရမ်းထုတ်ဖို့ ခွင့်ပြုလိုက်ခြင်းအတွက် ဒဏ်ခတ်အရေးယူမှု လုပ်လိုက်တာပါ။ 

လက်ထောက်အစိုးရရှေ့နေများဖြစ်သည့် နာဇတ်ရှာမန်ခန်း နဲ့ မာမီးမန်ဒီရေနိုင်းတို့ကိုလည်း ဖမ်းဝရမ်းကို ဆက်လက်အကောင်အထည်ဖော်တဲ့ အတွက် နာမည်ပျက်စာရင်းသွင်းခံလိုက်ရတာပဲ ဖြစ်ပါတယ်။ အမေရိကန်နဲ့ အစ္စရေး တို့က ICC  အဖွဲ့ဝင်နိုင်ငံတွေ မဟုတ်ပါဘူး။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ICC သည် အမေရိကန်နှင့် ၎င်းရဲ့ မဟာမိတ် အစ္စရေးကို ပစ်မှတ်ထားပြီး တရားမ၀င်အခြေအမြစ်မရှိသော လုပ်ရပ်များကိုလုပ်ဆောင်နေတဲ့ စွပ်စွဲချက်နဲ့  ဖေဖော်ဝါရီလတွင် ပထမဆုံး ပိတ်ဆို့အရေးယူမှု ချမှတ်ခဲ့သလို နေတန်ယာဟုကလည်း အလားတူ ဖမ်းဝရမ်းထုတ်မှုကို ရှုံ့ချပြီး စီရင်ချက်ကို “ဂျူးဆန့်ကျင်ရေး” ဆိုပြီး တံဆိပ်တပ်ခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)