ဗိုလ်လုပွဲစဉ်မှာ နိုင်ပွဲအတွက် ရေကုန်ရေခန်း အစွမ်းကုန်ကြိုးစား (စိတ်ကူးယဉ်ရေးသားခြင်း) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်လုပွဲစဉ်မှာ နိုင်ပွဲအတွက် ရေကုန်ရေခန်း အစွမ်းကုန်ကြိုးစား (စိတ်ကူးယဉ်ရေးသားခြင်း)









၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်တဲ့ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းရဲ့ အခြေအနေကို အားကစားဝါသနာရှင် ပရိတ်သတ်များကလည်း စောင့်ကြည့်နေသလို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်တို့ကလည်း စောင့်ကြည့်လျက်ရှိပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် သြစတေးလျနဲ့ ယှဉ်ပြိုင်ရာမှာ (၂-၁) ဆိုတဲ့ အနိုင်ရလာဒ်ကို ရယူပေးလိုက်နိုင်တဲ့အတွက် ပြည်ထောင်စုဝန်ကြီး၊ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ နဲ့ ပရိတ်သတ်တွေရဲ့ မျှော်လင့်ချက်ဟာ အမြင့်ဆုံးကို ရောက်ရှိသွားပါတယ်။ အုပ်စုတွင်း ဒုတိယပွဲ တီမောနဲ့ ကစားရပါတယ်။ ဒါကတော့ နိုင်နေကျ နိုင်ပွဲလို့ တွက်ထားပြီးသားပါ။ သို့သော် ဒီပွဲမှာ (၃ - ဝ)နဲ့သာ အနိုင်ယူနိုင်ခဲ့တဲ့အတွက် ဂိုးသွင်းစွမ်းရည်က ပြောစရာဖြစ်နေပြန်ရော။ ယခင်ကဆို (၆-ဝ)၊ (၇-ဝ) နဲ့ နိုင်နေတဲ့အသင်း မဟုတ်ပါလား။

အုပ်စုနောက်ဆုံးပွဲစဉ်ကတော့ လက်ရှိချန်ပီယံ ဖိလစ်ပိုင်အသင်းပါ။ ဖိလစ်ပိုင်ကို အနိုင်မရခဲ့ပေမယ့် သရေရလာဒ် ထွက်ပေါ်ခဲ့တာကြောင့် အုပ်စုဗိုလ်အနေနဲ့ တက်ရောက်နိုင်ခဲ့ပါတယ်။

အုပ်စုတွင်း ပွဲစဉ်တိုင်းမှာ သြစတေးလျနဲ့ပွဲ မြန်မာအမျိုးသမီးအသင်း က မေသက်မွန်မြင့် က အကောင်းဆုံး ကစားသမားဆု ရယူနိုင်ခဲ့တယ်။ တီမောနဲ့ပွဲ မြန်မာအမျိုးသမီးအသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းက ဟတ်ထရစ် ရခဲ့သလို အကောင်းဆုံးကစားသမားဆုလည်း ယူခဲ့သေးတယ်။ အုပ်စုနောက်ဆုံးပွဲ ဖိလစ်ပိုင်နဲ့ပွဲမှာလည်း ဝင်းသိင်္ဂီထွန်း ကပဲ အကောင်းဆုံး ကစားသမားဆုကို ရယူခဲ့ပြန်ပါတယ်။

မြန်မာအမျိုးသမီးအသင်းက အုပ်စုဗိုလ်အဖြစ်နဲ့ တက်လာခဲ့တဲ့အတွက် တစ်ဖက်အုပ်စု က အုပ်စုဒုတိယ ထိုင်းအသင်းနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ခဲ့ပါတယ်။ မထင်မှတ်တဲ့ အမှားအယွင်းတစ်ခုကြောင့် ထိုင်းကို ဦးဆောင်ဂိုးပေးလိုက်ရတယ်။ ထိုင်းကို ဦးဆောင်ဂိုးပေးပြီး မကြာမီမှာပဲ မြန်မာအသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်း က ချေပဂိုး ပြန်သွင်းယူပေးခဲ့ပါတယ်။ ပွဲစဉ်ဟာ အကြိတ်အနယ်ရှိလှပြီး အနိုင်ဂိုးရဖို့ အကြောင်းဖန်လာပါတယ်။ ဆန်းသော်သော်ရဲ့ ကန်ချက်ကို ထိုင်းကစားသမားက လက်နဲ့ထိန်းလိုက်တာကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီ ဖြစ်ပါတယ်။ ဒါကိုလည်း အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်း ကပဲ အကောင်းဆုံး အဆုံးသတ်ပြီး အနိုင်ဂိုးကို ရယူပေးလိုက်ပါတယ်။

ပြိုင်ပွဲတလျှောက် ဆီမီးဖိုင်နယ်အထိ မြန်မာအသင်းဟာ စွမ်းဆောင်ရည်အကောင်းဆုံး ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ကလည်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကို သတင်းပို့ပါတယ်။ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရဲ့ တင်ပြချက်ကို ကြားသိရပြီး ပြည်ထောင်စုဝန်ကြီး က ဗိုလ်ချုပ်မှူးကြီးထံ ထပ်ဆင့်တင်ပြပါတယ်။ စွမ်းဆောင်ရည်နဲ့ ရလာဒ်ပိုင်းကို သိရတဲ့ အခါ ဗိုလ်ချုပ်မှူးကြီး က မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းအတွက် စွမ်းဆောင်မှုဂုဏ်ပြုငွေ ဒေါ်လာ ၃၀၀၀၀ ချီးမြှင့်ခိုင်းပါတယ်။ ဗိုလ်ချုပ်မှူးကြီး အမှာပါးတာက ‘‘ပွဲစဉ်တွေအားလုံး ရှုံးပွဲမရှိကစားနိုင်ပြီး ဗိုလ်လုပွဲကို ထိုက်တန်စွာရောက်ရှိခဲ့လို့ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသားအားလုံးအတွက် ဂုဏ်ယူပါတယ်။ စည်းလုံး ညီညွတ်မှုအပြည့်နဲ့ ကြိုးစားခဲ့ကြလို့ အားရကျေနပ်မိပါတယ်။ ဗိုလ်လုပွဲစဉ်မှာ နိုင်ပွဲအတွက် ရေကုန်ရေခန်း အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ကြဖို့ တိုက်တွန်းပါတယ်။ ချန်ပီယံဆုရရှိတာနဲ့ နိုင်ငံတော်ကလည်း ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်မှာဖြစ်ပါတယ်။ ဒါကြောင့် ရရှိတဲ့အချိန်မှာ ဗိုလ်လုပွဲအတွက် စနစ်တကျ အာရုံစိုက်လေ့ကျင့်ပြင်ဆင်ဖို့ မှာကြားလိုပါတယ်’’ လို့ ပြည်ထောင်စုဝန်ကြီးမှ တဆင့် ပြောဆိုလိုက်ပါတယ်။

စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အကောင်းဆုံး ဖြစ်နေတဲ့ မြန်မာအမျိုးသမီးအသင်းကို ပြည်ထောင်စုဝန်ကြီး က ဆက်သွယ်ပါတယ်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က မြန်မာအသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်း၊ အသင်းတာဝန်ခံ ဒေါ်နွယ်နီဦးနှင့် ကစားသမားများထံ ဆက်သွယ်ပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွမ်းဆောင်မှုဂုဏ်ပြုငွေ ဒေါ်လာ ၃၀၀၀၀ ချီးမြှင့်ပေးပြီး အမှာစကားကိုလည်း ပြောကြားပေးခဲ့ပါတယ်။

မြန်မာအမျိုးသမီးလက်ရွေးစင် အသင်းရဲ့ အောင်မြင်မှုအတွက် နိုင်ငံတော်က ဂုဏ်ပြုသလို အခြားသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကလည်း ဂုဏ်ပြုချီးမြှင့်ထားတာ ဆုငွေ ကျပ်သိန်းပေါင်း (၂၀၀၀) ရရှိထားပါသေးတယ်။

ပြည်ထောင်စုဝန်ကြီး က ဗိုလ်ချုပ်မှူးကြီး ရဲ့ အမှာစကားကို ဆက်သွယ်ပြောကြားတဲ့အခါ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ကစားသမားများကလည်း အားပေးဂုဏ်ပြုမှုကြောင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဗိုလ်လုပွဲစဉ်အား နိုင်ငံ့ဂုဏ်မြှင့်တင်ရန် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။

ဗိုလ်လုပွဲစဉ်ကို ဩဂုတ် ၁၉ ရက် မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် Lach Tray Stadium ၌ မြန်မာအသင်းနှင့် ဩစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ အုပ်စုတွင်းမှာ အနိုင်ရရှိထားတဲ့ အသင်းနဲ့ ပြန်တွေ့ရခြင်း ဖြစ်တဲ့အတွက် ငယ်နိုင်ကို အပိုင်ကိုင်ပြီး ဆုဖလားကြီးကို မြန်မာပြည်အထိ သယ်ဆောင်ရယူနိုင်ကြပါစေ -


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)