မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမီးလောင်ခဲ့သည့် မန္တလေးတက္ကသိုလ် ပင်မဆောင် အဆောက်အအုံနှင့် ထိခိုက်ပျက်စီးခဲ့သည့် ဘွဲ့နှင်းသဘင်ခန်းမအဆောက်အအုံ တို့အား ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမီးလောင်ခဲ့သည့် မန္တလေးတက္ကသိုလ် ပင်မဆောင် အဆောက်အအုံနှင့် ထိခိုက်ပျက်စီးခဲ့သည့် ဘွဲ့နှင်းသဘင်ခန်းမအဆောက်အအုံ တို့အား ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး









မန္တလေး၊ ဩဂုတ် ၂

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်ရှိ၊ မန္တလေးငလျင်ကြီးကြောင့် ငလျင်ဒဏ်နှင့်အတူ မီးလောင်ပျက်စီးခဲ့သော မန္တလေးက္ကသိုလ်ပင်မဆောင် အဆောက်အအုံနှင့် ထိခိုက်ပျက်စီးခဲ့သည့် ဘွဲ့နှင်းသဘင်ခန်းမ အဆောက် အအုံတို့ကို ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ 

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ငလျင်ဒဏ် နှင့်အတူမီးလောင်ပျက်စီးခဲ့သော ပင်မဆောင်အဆောက်အအုံ နှင့် ထိခိုက် ပျက်စီးခဲ့သည့် ဘွဲ့နှင်းသဘင်ခန်းမအဆောက်အအုံတို့အား ပြန်လည် ပြုပြင်တည်ဆောက်နေမှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများမှ  လိုက်လံ ရှင်းလင်းပြသမှုများအပေါ် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ် ကာလအတွင်းပြီးစီးရေး အလေးထား ဆောင်ရွက်သွားကြရန် တို့ကို မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)