ပဲခူး၊ ဩဂုတ် ၂
ပဲခူးမြို့နယ်စာရေးဆရာအသင်းက ကြီးမှူးပြီး ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ မင်္ဂလာဒီပသာသနာထွန်းခေါင်းဆေးကျွန်း ပရိယတ္တိစာသင်တိုက်တွင် ဩဂုတ်လ(၂)ရက်နေ့၊ နံနက်ပိုင်းက ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း နှင့် စာပေဗိမာန်စာမူဆုများရှင်အား ဂါရဝပြုလက်ဆောင်ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပဲခူးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင်-ပဲခူး အမျိုးသားစာပေဆုရ)နှင့် အဖွဲဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်များက မင်္ဂလာဒီပသာသနာထွန်းခေါင်းဆေးကျွန်း ပရိယတ္တိစာသင်တိုက်ဦးစီးပဓာန ဘဒ္ဒန္တဣန္ဒာစာရ(ပဲခူးဥဿာဣန္ဒာနွယ်) ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ချီးမြှင့်ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြပြီး ပဲခူးမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင်-ပဲခူး အမျိုးသားစာပေဆုရ)နှင့် အဖွဲဝင်များက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့်လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူမှုအစုစုအတွက် ရေစက်သွန်းချအမျှအတမ်းပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းခဲ့ကြသည်။
ယင်းနောက် စာပေဗိမာန်စာမူဆုများရှင်အား ဂါရဝပြုလက်ဆောင်ပေးအပ်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပဲခူးမြိုနယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင်-ပဲခူး အမျိုးသားစာပေဆုရ)က စာပေဗိမာန်စာမူဆုများရှင် မောင်ယဉ်လှိုင်း(ပျဉ်းမမြိုင်)အား ဂါရဝပြုလက်ဆောင်ပေးအပ်ပြီး ဗဟိုသက်ကြီးစာရေးဆရာကြီး ကန်တော့ခံ ဦးတင်မြင့်ကြွယ်(တင်မြင့်ကြွယ် - ပဲခူး) မှုခင်းသတင်း၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ကန်တော့ငွေပေးအပ်ကာ ကန်တော့ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ပဲခူးမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဒေါ်ခင်ဝတ်ရည်(ဝတ်ရည်ခင်-ပဲခူး၊ အမျိုးသားစာပေဆုရ)နှင့်အဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဧည့်ပရိတ်များအား နေ့လယ်စာဖြင့်ဧ ည့်ခံကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)
https://t.me/MyanmarNationalPost






No comments:
Post a Comment