ကြံခင်းမြို့၌ နိုင်ငံစီပွားရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့၌ နိုင်ငံစီပွားရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ








ကြံခင်း၊ ဩဂုတ်  ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ ယမန်နေ့က နိုင်ငံစီပွားရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချခြင်း အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က နိုင်ငံစီပွား ရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် မိမိတို့ ရပ်ကွက်၊ ကျေးရွာ အရောက်ပို့ဆောင်ပေး၍ ရောင်းချပေး လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် ပြင်ပပေါက်ဈေးနှုန်းများထက်သက်သာသော ဈေးနှုန်း ဖြင့် ဝယ်ယူနိုင်စေရန် ၁၅ ပတ်လည် အာမိုမာလ်တီပလ်စ်နှင့် ဖြိုးမောက်ယူရီးယား များကိုရောင်းချ ပေးရာမှာ သီးနှံပေါ်ပေး(အကြွေး)စနစ်ဖြင့် တောင်သူများ အဆင်ပြေစေရန်နှင့် ဓာတ်မြေဩဇာများ အသုံးပြုပြီး မိုးစပါး အထွက်နှုန်းတိုးစေရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြား သည်။ ထို့နောက် တောင်သူများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည့်အရေ အတွက်များကို အသီးသီးမှာယူခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အဖွဲ့ဝင် မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ချိုမာဝင်း၊ မြို့မစခန်းမှူး ဒုရဲမှူးလှခိုင်နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာဝင်းကို တို့ကအသီးသီးတောင်သူများအား အာမိုမာလ်တီပလ်စ်နှင့် ဖြိုးမောက်ယူရီးယား ပေးအပ်ကြသည်။ အဆိုပါ အာမိုမာလ်တီပလ်စ်(၁၅း၁၅း၁၅) ပတ်လည် ၁၄၂၂ အတ်၊ တစ်အိတ်လျှင်ငွေကျပ် ၁၂၀၀၀၀/-နှင့် ဖြိုးမောက်ယူရီးယား ၁၄၈၆ အိတ်၊ တစ်အိတ်လျှင် ငွေကျပ် ၈၉၅၀၀/- ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)