ဂါဇာမြို့ကို အစ္စရေးတင့်ကားတွေနဲ့ ပိတ်ထားလို့ အငတ်ဘေးနဲ့ ကြုံရတော့မယ်လို့ ကုလ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂါဇာမြို့ကို အစ္စရေးတင့်ကားတွေနဲ့ ပိတ်ထားလို့ အငတ်ဘေးနဲ့ ကြုံရတော့မယ်လို့ ကုလ ဆို

 



ဩဂုတ် - ၂၉ (သောကြာနေ့)

မနေ့ညက အစ္စရေး တင့်ကားများသည် ဂါဇာမြို့အစွန်းက ဧရိယာအသစ်ထဲကို တိုးဝင်လာပြီး နေအိမ်တွေကို တိုက်ချဖျက်ဆီးခဲ့ကြလို့ ဒေသခံတွေ  ထွက်ပြေးခဲ့ရကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့ပါတယ်။ 

ဟားမတ်စ်လက်နက်ကိုင်တွေရဲ့ နောက်ဆုံးခံတပ်အဖြစ် သတ်မှတ်ထားတဲ့  ဂါဇာမြို့ကို အစ္စရေးက ထိုးစစ်အသစ်တစ်ခု စတင်ရန် ပြင်ဆင်နေပါတယ်။ ဂါဇာမြို့မှာက ဂါဇာကမ်းမြောင်ဒေသရှိ လူဦးရေ ၂ သန်းရဲ့ ထက်ဝက်လောက်  လက်ရှိနေထိုင်လျက်ရှိပြီး ၎င်းတို့အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အစ္စရေး ကြေညာထားပါတယ်။ အစ္စရေး တင့်ကားများသည် ဂါဇာမြို့အစွန်းမှ ဝင်ရောက်ဖျက်ဆီးပြီးနောက် ဂျာဘာလီယား ဒေသသို့ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် ဆုတ်ခွာသွားခဲ့ပါတယ်။ အဲ့ဒိတင့်ကားတွေက ဂါဇာမြို့စွန်မှာ လအတန်ကြာအောင် လည်ပတ်နေခဲ့တာပါ။ 

အစ္စရေးစစ်တပ်က ဂျာဘာလီယာ နဲ့  ဂါဇာစီးတီးမြို့ဆင်ခြေဖုံးများတွင် အကြမ်းဖက်သမားများကို နှိမ်နင်းရန်အတွက် လှုပ်ရှားဆောင်ရွက်နေကြောင်း ကြေညာချက်တွင် ဖော်ပြထားပါတယ်။ ဟားမတ်စ် စစ်သွေးကြွ အကြီးတန်း မာမွတ် အယ်လ် အက်စ်ဝက် က ဂါဇာအနောက်ပိုင်း ဒေသအတွက် အထွေထွေ လုံခြုံရေး ထောက်လှမ်းရေး အကြီးအကဲ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဟားမတ်စ် စစ်သွေးကြွ တစ်ဦး ဩဂုတ် ၂၂ ရက်နေ့က သေဆုံးကြောင်း အတည်ပြု ပြောကြားသွားပါတယ်။  

လက်ရှိအနေအထားအရ ဟားမတ်စ်တွေကို အစ္စရေးစစ်တပ်က ပိတ်ဆို့ပြီး လိုက်တိုက်နေတာကြောင့် ဒေသခံ ပါလက်စတိုင်းတွေ ပါ ပိတ်မိပြီး ပျက်စီးသေကြမှုတွေ ရှိနေပါတယ်။ ပါလက်စတိုင်း အစိုးရရဲ့ ကျန်မာရေးဝန်ကြီးဌာန အဆိုရ လက်ရှိအချိန်အထိ သေဆုံးသူ ပမာဏက ၆ သောင်းကျော်သွားပြီလို့ သိရပါတယ်။ ၂၇-၈-၂၀၂၅ ရက်နေ့ တစ်ရက်ထဲမှာပဲ ငတ်ပြီးသေတဲ့ လူ ၁၀ ယောက်ကျော်ရှိတယ်လို့ ဆိုပါတယ်။ အစ္စရေး - ဟားမတ် စစ်ပွဲ ပြီးကတည်းက ဒီကနေ့အထိ ငတ်ပြီးသေတဲ့သူ ၃၀၃ ယောက်ရှိခဲ့ပါတယ်။ အဲ့ဒိထဲမှာ ကလေးငယ် ၁၁၉ ယောက်ပါဝင်ပါတယ်။ ဂါဇာမှာ ငတ်သေကြတဲ့သူတွေက လူကြောင့်ဖြစ်တဲ့ဘေးအန္တရာယ်ဖြစ်တာကြောင့် သက်ဆိုင်တဲ့ အဖွဲ့တွေအားလုံး စဉ်းစားပေးကြဖို့ ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။ 


REF: CGTN

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)