အမေရိကန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး က ကုရ်အာန်ကျမ်းကို မီးရှို့ပြလို့ လိုင်းပေါ်မှာ အုတ်ဩသောင်းနင်းဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး က ကုရ်အာန်ကျမ်းကို မီးရှို့ပြလို့ လိုင်းပေါ်မှာ အုတ်ဩသောင်းနင်းဖြစ်


ဩဂုတ် - ၂၉ (သောကြာနေ့)

တက္ကဆက်ပြည်နယ်က ရီပတ်ဘလီကန် လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးက သူမရဲ့မဲဆွယ်စည်းရုံးရေး ကြော်ငြာတစ်ခုမှာ ကုရ်အာန်ကျမ်းမိတ္တူတစ်စောင်ကို မီးတင်ရှို့ပြခဲ့လို့ အိတ်စ်လူမှုကွန်ယက်ပေါ်မှာ အုတ်ဩသောင်းနင်း ဖြစ်နေပါတယ်။ 

'MAGA America First' အမေရိကန်သာလျှင် ပထမ ဖြစ်ရမယ်ဆိုတဲ့ နိုင်ငံရေးမျှော်လင့်ချက်ဖြင့် မိမိကိုယ်ကို စတိုင်လ်ပုံဖော်သူ ဗယ်လင်တိုင်း ဂိုမက်ဇ် က အင်္ဂါနေ့က အဆိုပါဗီဒီယိုကို အွန်လိုင်းပေါ်ကိုလွှင့်တင်ခဲ့ပါတယ်။  အမေရိကန်ကွန်ဂရက်လွှတ်တော်တွင် သူမကို ရွေးကောက်တင်မြှောက်ပေးဖို့ အတွက် အကူအညီ တောင်းခံခဲ့ပါတယ်။ 

ဂိုမက်ဇ် တင်လိုက်တဲ့ ပို့စ်ထဲမှာ “ အစ္စလာမ်ဘာသာကို ရပ်တန့်မထားပါက ရှင်တို့ရဲ့သမီးတွေ အဓမ္မပြု ကျင့်ခံရမယ်။ ရှင်တို့ရဲ့ သားတွေ ခေါင်းဖြတ်ခံရလိမ့်မယ်” လို့ ပြောပြီး ကုရ်အာန်ကျမ်းစာအုပ်ကို မီးရှို့ ပြလိုက်တာပါ။ အဲ့ဒိဗီဒီယိုမှာ နောက်ခံသီချင်းက ကန်ရေးဝက်စ်ရဲ့ ရက်ပ် စာသားတွေနဲ့ တင်ခဲ့တာပါ။ 

“အမေရိကန်ဟာ ခရစ်ယာန်နိုင်ငံဖြစ်တဲ့အတွက်ကြောင့် အကြမ်းဖက်မူဆလင်တွေရှိတဲ့ မွတ်စလင် ၅၇ နိုင်ငံထဲက ဘယ်နိုင်ငံကိုမဆို တိုက်ခိုက်နိုင်ပါတယ်။ စစ်မှန်တဲ့ဘုရားသခင်တစ်ဆူတည်းရှိပြီးတော့ အဲဒါက အစ္စရေးရဲ့ဘုရား ဖြစ်ပါတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။ 

“တက္ကဆက်ပြည်နယ်မှာ အစ္စလမ် (sic) ကို ငါ အဆုံးသတ်တော့မှာမို့ ဘုရားသခင် ကူညီပါ…” လို့ ဂိုမက်ဇ် က သူမရဲ့ အိတ်စ် မှာ ပို့စ်တင်ခဲ့ပြီး “ကွန်ဂရက်ကို ရောက်ဖို့” လှုပ်ရှားမှုအတွက် ထောက်ခံပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အဆိုပါ စတန့်ကို တစ်ရက်အတွင်း ကြည့်ရှုသူ ၃.၈  သန်းအထိ ရှိခဲ့ပြီး ကွန်မန့်ပေါင်း များစွာ ရခဲ့ပါတယ်။ “ဒါက နိုင်ငံရေးမဟုတ်ဘူး။ လှုံ့ဆော်မှုပဲ” လို့ ကွန်မန့်မှာ ရေးတဲ့သူတစ်ယောက်က ပြောပါတယ်။  “ဗလီတွေ မီးလောင်တဲ့အခါ၊ ဒါက ပွဲဖြစ်သွားပြီး တက္ကဆက်အစိုးရအနေနဲ့ သူမက မီးစရှို့ခဲ့တာကို နားလည်ထားဖို့လိုတယ်” လို့ သူက ရေးတင်ခဲ့ပါတယ်။ 

ဂိုမက်ဇ်ကို ကိုလံဘီယာမှာ မွေးဖွားခဲ့ပြီး ကလေးဘဝကတည်းက အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က သူမဟာ မစ်ဇူရီ နိုင်ငံခြားရေးဝန်ကြီးနေရာအတွက် အမည်စာရင်းတင်သွင်းခြင်း မအောင်မြင်ခဲ့ပေ။ ၂၀၂၆ တက္ကဆက် ၃၁ ခရိုင် ကိုယ်စားလှယ် နေရာအတွက် မဲဆွယ်စည်းရုံးလျက်ရှိပါတယ်။ အိုလံပစ်ရေကူးကစားသမားဟောင်း တစ်ယောက်ဖြစ်ပါတယ်။


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)