ထရမ့်က ရုရှား နဲ့ ပေါင်းရိုက်နေတာပါလို့ ပေါ်တူဂီသမ္မတ စွပ်စွဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထရမ့်က ရုရှား နဲ့ ပေါင်းရိုက်နေတာပါလို့ ပေါ်တူဂီသမ္မတ စွပ်စွဲ



ဩဂုတ် - ၂၉ ( သောကြာနေ့ ) 

ပေါ်တူဂီသမ္မတ မာဆယ်လို ရီဘီလို ဒီဆူဆာ က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းပဋိပက္ခတွင် ဘက်မလိုက်သောဖျန်ဖြေသူအဖြစ် ဟန်ဆောင်ကာ မော်စကိုရဲ့အကျိုးစီးပွား နဲ့ အမေရိကန်ရဲ့ အကျိုးစီးပွား အတွက်ကိုသာ ရည်ရွယ်ပြီး လုပ်နေတာပါလို့ စွပ်စွဲလိုက်ပါတယ်။

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်ရဲ့ ယူကရိန်းကို ခြွင်းချက်မရှိ ထောက်ခံအားပေးမှု မူဝါဒမှ ထရမ့်က စွန့်ခွာသွားတာနဲ့ပတ်သက်ပြီး သမ္မတဒီဆူဆာက ဆိုရှယ်ဒီမိုကရက်တစ်ပါတီရဲ့ တက္ကသိုလ်မှာ ပြုလုပ်တဲ့ အခမ်းအနားမှာ ဝေဖန်ခဲ့တာပဲဖြစ်ပါတယ်။ "ကမ္ဘာ့အကြီးမြတ်ဆုံး စူပါပါဝါနိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်က ဓမ္မဓိဋ္ဌာန်ကျကျ ပြောရမယ်ဆိုရင် ရုရှားရဲ့ လက်ကိုင်တုတ် လုပ်နေပါတယ်” လို့ ပြောလိုက်တာပါ။ 

ရုရှား-ယူကရိန်း ပဋိပက္ခမှာ ထရမ့်အနေနဲ့ စစ်မှန်တဲ့ ဖြန်ဖြေသူ လုပ်မယ်ဆိုရင် ပူတင်နဲ့ ၂ယောက်ချင်းတွေ့ပြီး ဆွေးနွေးစရာမလိုပါဘူး။ ယူကရိန်းနဲ့ရော၊ ယူကရိန်းကို ကျောထောက်နောက်ခံပြုပေးနေတဲ့ ဥရောပနိုင်ငံတွေရဲ့ ခေါင်ဆောင်တွေနဲ့ပါ အတူတူတွေ့ပြီး ဆွေးနွေးရမှာဖြစ်ပါတယ်။ အခုတော့ သူတို့ ၂ ဦးချင်းလက်ဝါးရိုက်လိုက်ပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးတယ်ဆိုတာ ခုံသမာဓိအဖြစ်ထက် ဘက်လိုက်မှုတွေလုပ်နေတာပဲ ဖြစ်ပါတယ်” လို့ ပေါ်တူဂီခေါင်းဆောင်က ထပ်လောင်းပြောကြားခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)