ကရင်ပြည်နယ်ဌာနဆိုင်ရာများစုပေါင်းကာ ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ကုန်ပစ္စည်းများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဌာနဆိုင်ရာများစုပေါင်းကာ ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ကုန်ပစ္စည်းများ ပေးအပ်




ဘားအံ၊ သြဂုတ် ၁

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့်စေတနာရှင်များ လှူဒါန်းသည့်စားသောက် ဖွယ်ရာများ ပေးအပ်သည့် အခမ်းအနားကို ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် အသက်ကို ပင်ပဓာနမထားဘဲ တာဝန်ထမ်းဆောင်နေကြသော ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းများဖြင့် အားပေးကူညီခြင်းဖြစ်ကြောင်း၊ ယခုလှူဒါန်းခြင်းသည် အဋ္ဌမအကြိမ်မြောက်လှူဒါန်းခြင်းဖြစ်ပြီး သက်ဆိုင်ရာတို င်းစစ်ဌာနချုပ်သို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကာ ရှေ့တန်းစစ်မျက်နှာတွင် တာဝန်ထမ်းဆောင် နေကြသော တပ်မတော်သားများ အန္တရာယ်ကင်းဘေးရှင်း၍ တိုက်ပွဲတိုင်းအောင်မြင်နိုင်စေရန် ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ် ၃၆၄၇၅၀၀ဝ တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများကို နယ်မြေခံတပ်မှတာဝန်ရှိသူတစ်ဦးထံချီးမြှင့်ပေးအပ်ကာ လှူဒါန်းပေးကြသော ဌာနဆိုင်ရာဝန်ထမ်းမိသားစုများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ယင်းနောက် နယ်မြေခံတပ်မှတာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပြီး ယနေ့လှူဒါန်းပွဲတွင် ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ဇလုံကြီးစားဖွယ်စုံ၊ ငါးသေတ္တာ၊ ကြံသကာ၊ သုခိတာဆေးပေါ့လိပ်၊ ဒါးလှီးဆေး၊ အချိုရည်၊ ယုဇနလက်ဖက်အကြော်စုံ၊ ဘီစကစ်၊ ရည်မွန်အနှစ်ထုတ်၊ အစရှိသော စားသောက်ဖွယ်ရာ(၁၂)မျိုးပါ အထုပ် ၃၀၀၀ ကို ဝန်ထမ်းများကိုယ်တိုင် စိတ်အားထက်သန်စွာ ကြော်လှော်ချက်ပြုတ်ထုပ်ပိုး၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှတစ်ဆင့် ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ထပ်မံ၍ အထုပ်ပေါင်း (၂၀၀၀)ကို ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် လှူဒါန်းပြီးခဲ့သည့် (၈)ကြိမ်တွင် စုစုပေါင်းငွေကျပ် ၃၇၆၀ ဒသမ ၇၅သိန်းတန်ဖိုးရှိ စားသောက်ကုန်များကို ပေးပို့လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)