၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဗိုလ်လုပွဲ တက်ရောက်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွမ်းဆောင်မှု ဂုဏ်ပြုငွေ ဒေါ်လာ (၃၀၀၀၀) ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဗိုလ်လုပွဲ တက်ရောက်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွမ်းဆောင်မှု ဂုဏ်ပြုငွေ ဒေါ်လာ (၃၀၀၀၀) ချီးမြှင့်






နေပြည်တော်၊ သြဂုတ် ၁၇

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် AFF MSIG Serenity Cup 2025 ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းအား (၂-၁)ဂိုးဖြင့် အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်သွားခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအား နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  စွမ်းဆောင်မှု ဂုဏ်ပြုငွေ ဒေါ်လာ (၃၀၀၀၀) ချီးမြှင့်ခဲ့သည်။

" ပွဲစဉ်တွေအားလုံး ရှုံးပွဲမရှိကစားနိုင်ပြီး ဗိုလ်လုပွဲကို ထိုက်တန်စွာ ရောက်ရှိခဲ့လို့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသား အားလုံးအတွက် ဂုဏ်ယူပါတယ်။ စည်းလုံးညီညွတ်မှုအပြည့်နဲ့ ကြိုးစားခဲ့ကြလို့ အားရကျေနပ်မိပါတယ်။  ဗိုလ်လုပွဲစဉ်မှာ နိုင်ပွဲအတွက် ရေကုန်ရေခမ်း အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ကြဖို့ တိုက်တွန်းပါတယ်။ ချန်ပီယံဆု ရရှိတာနဲ့ နိုင်ငံတော်ကလည်း ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်မှာဖြစ်ပါတယ်။ ဒါကြောင့် ရရှိတဲ့အချိန်မှာ ဗိုလ်လုပွဲအတွက် စနစ်တကျ အာရုံစိုက် လေ့ကျင့်ပြင်ဆင်ဖို့ မှာကြားလိုပါတယ်။"  ဟု‌ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုက်တွန်းအားပေးမှုအား  အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်က မြန်မာအသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းနှင့် အသင်းတာဝန်ခံဒေါ်နွယ်နီဦးနှင့်ကစားသမားများထံ ဆက်သွယ်ပြောကြားခဲ့သည်။  မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ကစားသမားများကလည်း အားပေးဂုဏ်ပြုမှု ကြောင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဗိုလ်လုပွဲစဉ်အား နိုင်ငံ့ဂုဏ်မြှင့်တင်ရန် အစွမ်းကုန် ကြိုးစား ယှဉ်ပြိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့ကြသည်။ 

မြန်မာ အမျိုးသမီးအသင်းသည် ဗိုလ်လုပွဲတက်ရောက်ခဲ့သည့်အတွက် လက်ရှိအချိန်ထိ အမေရိကန် ဒေါ်လာ သုံးသောင်း (30000 USD)နှင့် မြန်မာကျပ် သိန်းနှစ်ထောင် (200,000,000 Ks)ဆုငွေ ရရှိထားသည်။ 

မြန်မာနှင့်ဩစတြေးလျ တို့၏ ဗိုလ်လုပွဲစဉ်အား ဩဂုတ် ၁၉ ရက်၊ မြန်မာစံတော်ချိန် ည (၇:၃၀)နာရီ၊ Lach Tray Stadium တွင်ကျင်းပမည်ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)