စကား . . . စကား ပြောပါများ၊ စကားထဲက ဇာတိပြ။ စကားထဲက ထင်မှတ်မထားဘဲ အမှတ်တရ စကားလုံးကောင်း တစ်လုံးစ၊ နှစ်လုံးစ ရတတ်ပါတယ်။ ၄-၈-၂၀၂၅ ရက်နေ့ည ရုပ်သံသတင်းများ တင်ဆက်ဖို့ရာ သတင်းများ စုစည်းစဉ် ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် The Ayeyarwaddy Times အမည်ခံ တရားမဝင် အကြမ်းဖက်လှုံ့ဆော်သတင်းစာမျက်နှာမှာ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ရေးသားထားသည့် သတင်းတစ်ပုဒ်ကို တွေ့ရပါတယ်။ နွားထိုးကြီးမြို့နယ်ထဲက NLD အစွန်းရောက် အကြမ်းဖက်ဝါဒီများ ဖွဲ့စည်းထားတဲ့ အကြမ်းဖက်အဖွဲ့ (၄)ဖွဲ့က ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် ခြိမ်းခြောက်စာထုတ်ပြန်ထားသည်ကိုလည်း တွေ့ရပါတယ်။
မူလစဉ်းစားထားတဲ့ ခေါင်းစဉ်ကတော့ ရွေးကောက်ပွဲကို နှောက်ယှက်ဖျက်ဆီးဖို့ လှုံ့ဆော်နေကြသူများဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ ဆွေးနွေးတင်ပြဖို့ပါ။ NLD ပါတီဦးဆောင်သူတွေ၊ NLD ပါတီကို ထောက်ခံအားပေးသူတွေရဲ့ လုပ်ဆောင်ချက်၊ ရပ်တည်ချက်တွေကို ဆက်စပ်စဉ်းစားကြည့်လိုက်တဲ့အခါကြတော့ ဒီလူတွေသည် တိုင်းပြည်နဲ့ လူမျိုးအတွက် ဘယ်တုန်းကမှ ကောင်းကျိုးမပြုခဲ့ဘူး။ အာဏာမရခင်ကလည်း ကောင်းကျိုးမပြုခဲ့ဘူး။ အာဏာရတော့လည်း တိုင်းပြည်ဘဏ္ဍာတွေကို ခိုးတဲ့ သူခိုးတွေပဲ။ အာဏာလက်မဲ့ ဖြစ်သွားပြန်တော့လည်း ဆူပူအကြမ်းဖက်လမ်းစဉ်နဲ့ တိုင်းပြည်နဲ့ လူမျိုးကို ဒုက္ခပေးနေတယ်။ ဒီလို ဆက်စပ်စဉ်းစားကြည့်တဲ့အခါကြတော့ "နီပိန်း ပြည်ဖျက်မိစ္ဆာများသည် တိုင်းပြည်နဲ့ လူမျိုးအတွက် ထာဝရ အဖျက်သမားများဖြစ်သည်" ဆိုတဲ့ ခေါင်းစဉ်ကို ရလိုက်တယ်။
ရှေးပဝေသဏီက အကြောင်းတွေကို စာရေးသူအနေနဲ့ မြေလှန်မနေတော့ပါဘူး။ ကျွန်တော်တို့သည် ၂၀၁၀ ဒီမိုကရေစီအကူးအပြောင်းမှာ နိုင်ငံရေးပိုးဝင်ပြီး မီဒီယာနယ်ပယ်ထဲကို ရောက်ခဲ့တယ်။ စာရေးသူကိုယ်တိုင်လည်း အင်တာနက်စာမျက်နှာတွေမှာ ပြည်ပြေး ဝရမ်းပြေးတွေ ရေးသားလှုံ့ဆော်မှုတွေကို နားယောင်ခဲ့ဖူးတယ်။ ဒါကြောင့်ပဲ နိုင်ငံရေးပိုးဝင်ခဲ့တယ်။ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ တပ်မတော်မုန်းတီးရေး ဝါဒဖြန့်လှုံ့ဆော်မှုတွေကို သံယောင်လိုက်ပြီး ပြည်တွင်းမှာ တစ်ကိုယ်တော်လည်း လှုပ်ရှားခဲ့ဖူးတယ်။ စိတ်တူကိုယ်တူ အပေါင်းအသင်းတွေကိုပါ စည်းရုံးပြီး အစိုးရဆန့်ကျင်ရေး စာတွေလိုက်ကပ်တာ၊ ဖြန့်ဝေတာတွေ လုပ်ခဲ့ဖူးတယ်။ ယနေ့ လူငယ်တွေ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လှုံ့ဆော်မှုတွေကို နားယောင်တဲ့အပေါ် အပြစ်မဆိုပါဘူး။ သို့သော် မိမိတို့ရဲ့ လုပ်ရပ်က အများပြည်သူအတွက် ကောင်းကျိုး ရှိ/ မရှိ ဆိုတာကိုတော့ ဆင်ခြင်သုံးသပ်စေလိုတယ်။
စာရေးသူရဲ့ ခံယူချက်က နိုင်ငံရေးသမားလို့ အမည်ခံထားရင် အများပြည်သူ ကောင်းကျိုးအတွက် အလုပ် လုပ်ရမယ်။ အများပြည်သူ ကောင်းကျိုးဖြစ်အောင် လုပ်မှ နိုင်ငံရေးလို့ မှတ်ယူတယ်။ အများပြည်သူ အတိဒုက္ခရောက်အောင် လုပ်လာရင် နိုင်ငံရေးသမားလို့ သတ်မှတ်လို့ မရဘူး။ ပြည်ဖျက်မိစ္ဆာလို့ပဲ သတ်မှတ်ရမယ်။ နိုင်ငံရေးသမားလို့ ဆိုလာရင်လည်း နိုင်ငံရေးသမားကောင်း မဟုတ်ဘူး။ ဒါကြောင့် နစကအစိုးရလက်ထက် ဗိုလ်ချုပ်ဇော်မင်းထွန်း ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲတွေ ကျင်းပနေစဉ်မှာ သက်ကြီးသတင်းစာ ဆရာကြီး ဦးတင်ထွန်း ပြောတဲ့ ပြည်ဖျက်ပါတီ NLD ဆိုတဲ့ အသုံးအနှုန်းဟာ မှန်ကန်တိကျတဲ့ ဝေါဟာရဖြစ်တယ်။ ဒါကြောင့် စာရေးသူအနေနဲ့က NLD ပါတီဝင်တွေ အကြမ်းဖက်လှုံ့ဆော်သူ၊ အကြမ်းဖက်သမားတွေကို တစ်လုံးတည်းသော ဝေါဟာရဖြစ်တဲ့ (ပြည်ဖျက်မိစ္ဆာများ) လို့ သုံးနှုန်းခြင်း ဖြစ်ပါတယ်။
ပြည်ဖျက်မိစ္ဆာတွေက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများလို့လည်း ပြောရဲ့၊ ဒီမိုကရေစီစံနှုန်းတွေကိုတော့လည်း အလေးမထားကြပြန်ဘူး။ ဒီမိုကရေစီစံနှုန်းများထဲမှာ သာတူညီမျှ ရှိစေရမည်၊ နိုင်ငံရေးဆိုင်ရာ သည်းခံစိတ် ထားရှိရမည်၊ တာဝန်ယူမှု ရှိရမည်၊ လူ့အခွင့်အရေး ထိန်းသိမ်းရမည် ဆိုတဲ့ စံနှုန်းတွေပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကြီးမှာ အာဏာရ NLD ပါတီက မဲလိမ်မဲခိုးမှု အမြောက်အများ ကျူးလွန်ခြင်းဟာ ဒီမိုကရေစီစံနှုန်းတစ်ခုဖြစ်တဲ့ သာတူညီမျှ ရှိစေရမည်ဆိုတဲ့ စံနှုန်းကို ချိုးဖောက်ခြင်းပဲ ဖြစ်တယ်။ မဲလိမ်မဲခိုးတာကို သိရှိတဲ့ ပါတီတွေက ဖြေရှင်းဆောင်ရွက်ဖို့ တောင်းဆိုတဲ့အခါကြတော့ ဗူးခံပြီး၊ ဗြောင်ငြင်းတာဟာ တာဝန်ယူမှု ရှိရမည်ဆိုတဲ့ ဒီမိုကရေစီစံနှုန်းကို ချိုးဖောက်ခဲ့တာပဲ။ အဲဒီလို လုပ်ရပ်တွေကြောင့် တပ်မတော်က အာဏာအရပ်ကို လွှဲပြောင်းတာဝန်ယူလိုက်ရတဲ့ အခြေအနေမျိုးကို ရောက်ခဲ့ရတယ်။ ဟော . . . အဲဒီအခါကြတော့ စစ်တပ်က အာဏာလုယူပါတယ်ဆိုပြီး ပြည်ဖျက်မီဒီယာတွေကနေ ဝေဝေဆာဆာ ဝါဒဖြန့်လှုံ့ဆော်ပြီး ဆူပူဆန္ဒပြမှုတွေ ဖြစ်အောင် ဖန်တီးတယ်။ အဲဒီကနေ အစပျိုးပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ခဲ့ကြတယ်။ သူတို့ကို ထောက်ခံအားပေးခြင်း မရှိတဲ့သူတွေကို ရန်ပြုစော်ကားမှုတွေ လုပ်လာတာကို တွေ့ခဲ့ရတယ်။ အဲဒီ နီပိန်းတွေမှာ ဒီမိုကရေစီစံနှုန်းတစ်ခုဖြစ်တဲ့ နိုင်ငံရေးဆိုင်ရာ သည်းခံစိတ် ထားရှိရမည် ဆိုတဲ့ စံနှုန်းနဲ့ ညီသေးရဲ့လား။ အဲဒီ နီပိန်းတွေက အနယ်နယ်အရပ်ရပ်မှာ အမည်အမျိုးမျိုးနဲ့ အကြမ်းဖက်အဖွဲ့တွေ ဖွဲ့စည်းတယ်။ သူတို့ကို ထောက်ခံအားပေးခြင်း မရှိတဲ့ ရဟန်းရှင်လူပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တယ်။ နိုင်ငံဝန်ထမ်း ဆရာ/ ဆရာမတွေကို ဖမ်းဆီးသတ်ဖြတ်တယ်။ သူတို့ရဲ့ လုပ်ရပ်တွေဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာပဲ။ ဒါပေမယ့် မြန်မာပြည်မှာက လူ့အခွင့်အရေးလှုပ်ရှားသူလို့ အမည်ခံပြီး လုပ်စားနေတဲ့သူတွေကိုယ်တိုင် က နီပိန်းတွေ ဖြစ်နေတဲ့အခါကြတော့ နီပိန်း အကြမ်းဖက်သမားတွေရဲ့ လူ့အခွင့်အရေးကို အလွန်အမင်း ချိုးဖောက်နေတဲ့ လုပ်ရပ်တွေကို ဝေဖန်ထောက်ပြတာမျိုး မရှိခဲ့ဘူး။
ဒါကြောင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူလို့ အော်နေတဲ့ နီပိန်းတွေဟာ ဒီမိုကရေစီစံနှုန်းတွေကို အလေးထားခြင်း မရှိတဲ့အတွက်ကြောင့် စာရေးသူအနေနဲ့က (ဒီမိုကရေစီအရည်ခြုံ)များလို့ သတ်မှတ်ထားပါတယ်။ ပြည်ပအထောက်အပံ့ ရဖို့ နိုင်ငံရေးလုပ်စားဖို့ သက်သက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူလို့ အော်နေတာဖြစ်တဲ့အတွက်ကြောင့် ဒီမိုကရေစီအရည်ခြုံများလို့ နားလည်ထားရပါမယ်။ ဒီမိုကရေစီစနစ်ကို တကယ်လိုလားသူဆိုရင် ဒီမိုကရေစီစံနှုန်းတွေကို အလေးထားရမှာပေါ့။ လေးစားရမှာပေါ့။ ခုတော့ အဲဒီလိုမှ မဟုတ်ဘဲ။ ဒီမိုကရေစီအရည်ခြုံပြီး နိုင်ငံရေးလုပ်စားခြင်းသာ ဖြစ်တယ်။ ဒီမိုကရေစီစံနှုန်းဆိုတာတွေကို သိတောင် သိကြရဲ့လား။
နီပိန်းတွေရဲ့ သဘောသဘာဝကို ရိပ်စားမိတဲ့အတွက်ကြောင့် နိုင်ငံတော်အကြီးအကဲများက အမျှော်အမြင် ရှိရှိနဲ့ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှာ "ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ" ဆိုတာကို ပြဋ္ဌာန်းလိုက်တယ်။ နိုင်ငံတော်အကြီးအကဲတွေက နီပိန်းတွေသည် ထာဝရပြည်ဖျက်မိစ္ဆာများဖြစ်တယ်ဆိုတာကို စာရေးသူရဲ့ အရင်ကတည်းက မြင်တယ်၊ သိတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဒီဥပဒေထွက်လာခြင်းပါပဲ။
ဒီဥပဒေထွက်လာတော့ စာရေးသူအနေနဲ့ လေ့လာဖတ်ရှုပြီး သုံးသပ်မိတာက ဒီဥပဒေကို ဒီမိုကရေစီကိုကာကွယ်သည့် ဥပဒေလို့ မြင်တယ်။ ဒီမိုကရေစီကို ကာကွယ်သည့်ဥပဒေ လို့သာ ခေါင်းစဉ်တပ်လိုက်ရင် နိုင်ငံတကာက ပိုပြီးစိတ်ဝင်စားသွားမယ်။ ဘာကြောင့် ဒီမိုကရေစီကို ကာကွယ်သည့် ဥပဒေလို့ ပြောနိုင်သလဲဆိုရင် မဲဆန္ဒရှင် ပြည်သူတစ်ဦးကို နှောက်ယှက်တာ၊ ဖိအားပေးတာ၊ ရန်ပြုစော်ကားတာမျိုး မလုပ်ရဘူး။ တစ်ဦးတစ်ယောက် လုပ်ရင် အဲဒီတစ်ဦးတစ်ယောက်ကို ပြစ်ဒဏ်ပေးမယ်။ လူစုလူဝေးနဲ့ လုပ်ရပ် ပိုပြီး ပြစ်ဒဏ်က ကြီးလေးသွားတယ်။ အလားတူပဲ ရွေးကောက်ခံ ကိုယ်စားလှယ်ကိုသော်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ကိုသော်လည်းကောင်း၊ မဲရုံတာဝန်ရှိသူများကိုသော်လည်းကောင်း နှောက်ယှက်လို့မရဘူး၊ ရန်ပြုစော်ကားတာမျိုး လုပ်လို့မရဘူး။ တစ်ဦးတစ်ယောက်က လုပ်ရပ် တစ်ဦးတစ်ယောက်အတွက် ပြစ်ဒဏ် သတ်မှတ်ထားတယ်။ လူစုလူဝေးနဲ့ ရည်ရွယ်ချက်ရှိရှိလုပ်တာမျိုးကို ပိုပြီး ကြီးလေးတဲ့ ပြစ်ဒဏ်သတ်မှတ်ထားတယ်။ ဒါကြောင့် ဒီဥပဒေဟာ ဒီမိုကရေစီကို ကာကွယ်သည့် ဥပဒေဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရက ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတဲ့အချိန်မှာ ပြည်ပြေး ဝရမ်းပြေးတွေကလည်း ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက် အဖျက်အမှောင့်တွေလုပ်ဖို့ ကြိုတင်ပြင်ဆင်ထားကြပါလိမ့်မယ်။ ပြည်ဖျက်မိစ္ဆာများပီပီ အဖျက်အမှောင်အတွက် စနစ်တကျ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေးတွေက လှုံ့ဆော်ရင် ပြည်တွင်းမှာရှိတဲ့ နီပိန်း ငမိုက်သားလေးတွေကလည်း ဆင်ခြင်တုံတရား ကင်းမဲ့စွာနဲ့ ဆင်ကန်းတောတိုး လုပ်တတ်ကြပါတယ်။ ပြည်ဖျက်မိစ္ဆာတွေက ရွေးကောက်ပွဲကို အနှောက်အယှက်ပေးဖို့ ပလန်ချနေတဲ့ အချိန်မှာ အစိုးရက ဒီဥပဒေကို ထုတ်ပြန်လိုက်တော့ ပြည်ဖျက်မိစ္ဆာတွေ ဘယ်လိုတွေးနေမလဲ စာရေးသူ စဉ်းစားကြည့်မိတာတော့ (ငါတို့ရဲ့ အကြံဆိုးကို နစကအစိုးရ က ကြိုသိနေသလိုပဲ) လို့ တွေးနေကြမလားပဲ။ သူတို့အချင်းချင်း ဒလန်ရှိတယ်လို့ ပြဿနာဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။
အစိုးရတာဝန်ရှိသူတွေကလည်း ကြိုတင်တွက်ဆမိလိမ့်မယ်။ စာရေးသူအနေနဲ့ ဆက်စပ်စဉ်းစားကြည့်တဲ့အခါမှာလည်း ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း NLD ပါတီက ပါတီမှတ်ပုံမတင်ဘူး၊ ဖွဲ့စည်းပုံကို ဆန့်ကျင်ကြ၊ ရွေးကောက်ပွဲကို သပိတ်မှောက်ကြ ဆိုပြီး အဖျက်အမှောင့် လုပ်ခဲ့တာပဲ။ သို့သော် သူတို့ မအောင်မြင်ဘူး။ ရွေးကောက်ပွဲက အောင်မြင်စွာ ပြီးမြောက်သွားတယ်။ ဘေးထိုင် ဘုပြော ဖြစ်ရတော့မယ့်အခြေနေမှာ ဦးသိန်းစိန် က သဘောထားကြီးစွာနဲ့ ဒေါ်စုကို ခေါ်ယူဆွေးနွေး၊ ပါတီမှတ်ပုံတင်ခိုင်းပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ထဲ ဝင်လာကြပါလေရော။ ဟော . . . အဲဒီတော့ သူတို့ပြောခဲ့တဲ့ စကား ဖွဲ့စည်းပုံကို ဆန့်ကျင်ကြဆိုတာက ဟုတ်သေးရဲ့လား။ ကိုယ့်စကားကို ကိုယ်တိုင်က တန်ဖိုးမထားဘူး။
NLD လွှတ်တော်တွင်း ရောက်လာပြီး ရခိုင်ပြည်နယ်မှာ ခိုးဝင်ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ပေါ်ပေါက်လာတယ်။ ကုလသမဂ္ဂနဲ့ အိုအိုင်စီရဲ့ ဖိအားပေးမှုတွေ များလာတယ်။ ဒီနေရာမှာ အများပြည်သူကို သတိပြုမိစေချင်တဲ့ ကိစ္စလေးတစ်ခုရှိတယ်။ ဒါက လေးနက်တယ်။ အဲဒီလို နိုင်ငံတကာဖိအားပေးမှုတွေ ဖြစ်လာတော့ စပြီး ဆန့်ကျင်ကန့်ကွက်လှုပ်ရှားမှုတွေ လုပ်ခဲ့တာဟာ NLD ကို ဝန်းရံတဲ့ အင်အားစုတွေပဲ။ နာမည်တွေပါ တပ်ပြောလို့ရတယ်။ အဲဒီအချိန်က ကျွန်တော်တို့အနေနဲ့ အမျိုးသားရေးလှုပ်ရှားမှုဆိုတာကို စတောင် မစရသေးဘူး။
အဲဒီလို လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ ဖြစ်နေတဲ့အချိန်မှာ ဒေါ်စုကို အိုအိုင်စီက ဆုလည်းပေးလိုက်ရော ရခိုင်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာဖိအားပေးမှုတွေကို ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ နိုင်ငံရေးသမားတွေရဲ့ လေသံက ပြောင်းလဲသွားတယ်။ NLD က ဒေါ်စုနဲ့ ၈၈ ကျောင်းသားအိုကြီးများအဖွဲ့က မင်းကိုနိုင် က လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ ဖြစ်အောင် ဦးသိန်းစိန်အစိုးရက ဖန်တီးနေတာပါလို့ မီဒီယာတွေကနေ ဖွတယ်။ အိုအိုင်စီ က ခြေလှမ်းကျဲတယ်လို့ ပြောရမယ်။ NLD နဲ့ ၈၈ ကို ချုပ်မိပြီဆိုတဲ့ အချိန်မှာ DVB, Mizzima, The Irrawaddy, BBC, VOA, RFA တို့ကိုလည်း ဘင်္ဂလီတွေကို လူမျိုးလိမ်နာမည်နဲ့ သုံးစွဲပြီး သတင်းဖြန့်ချိပေးဖို့ ငွေပုံပေးလိုက်ပြီ။ (အဲဒီအကြောင်း အသေးစိတ်ကို သိချင်ရင် ဦးဝင်းမော် - ရွှေသံစဉ် ကို မေးမြန်းကြည့်နိုင်ပါတယ်)
အိုအိုင်စီက ပေးလိုက်တဲ့ ငွေက NLD, ၈၈ နဲ့ ဆက်စပ်တဲ့ နိုင်ငံရေးလုပ်စားတဲ့ အဖွဲ့အစည်းတွေထံ ဖြန့်ဖြူးပေးလိုက်တဲ့အခါကြတော့ နိုင်ငံတကာဖိအားတွေကို ဆန့်ကျင်ကန့်ကွက်မယ့်သူဆိုတာ မရှိတော့ဘူး။ အဲဒီတော့မှ ကျွန်တော်တို့ရဲ့ အမျိုးသားရေးလှုပ်ရှားမှုဆိုတာ မခံချင်စိတ်နဲ့ ပေါ်ပေါက်လာရတာပါ။ ဆရာတော် သံဃာတော်တွေရဲ့ ဦးဆောင်လှုပ်ရှားမှုကို အခြေခံပြီး အမျိုးသားရေးအသင်းအဖွဲ့လေးတွေပေါ်လာတာပါ။ အဲဒီအချိန် အစောဆုံးပေါ်ပေါက်လာတဲ့အထဲမှာ သံဃာတော်များဖွဲ့စည်းထားတဲ့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ နဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူလူငယ်များဖွဲ့စည်းခဲ့တဲံ မြန်မာအမျိုးသားရေးကွန်ရက် ဆိုတာ အစောဆုံး ပေါ်ပေါက်လာတဲ့ အမျိုးသားရေးအသင်းအဖွဲ့တွေပါပဲ။
အဲဒီအခြေအနေကို ပြန်သုံးသပ်ကြည့်ရင် NLD၊ ၈၈ နဲ့ ဆက်စပ်အဖွဲ့အစည်းတွေဟာ တိုင်းပြည်ရဲ့ မျက်နှာကို မကြည့်ဘဲ ငွေမျက်နှာတစ်ခုတည်းကိုသာ ကြည့်ပြီး ကိုယ်ကျိုးရှာလိုတဲ့ အဖွဲ့အစည်းတွေဆိုတာ ထင်ရှားလာတယ်။ သူတို့တွေက အဲဒီလို ပြည်ပအထောက်အပံ့တွေ ရလာတဲ့အချိန်မှာ နိုင်ငံတကာဖိအားတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ သံဃာတော်တွေ၊ လူပုဂ္ဂိုလ်တွေကို အစွန်းရောက်တွေလို့ တံဆိပ်ကပ်လိုက်ကြသေးတယ်။ ပြည်ဖျက်မိစ္ဆာတွေရဲ့ ယုတ်မာရိုင်းစိုင်းတဲ့ အောက်တန်းစား လုပ်ရပ်ကို ပေါ်လွင်အောင် ရေးသားပြဆိုခြင်း ဖြစ်ပါတယ်။
NLD က ဟာတွေ လွှတ်တော်ထဲ ရောက်လာတဲ့အချိန်၊ လူမျိုးရေး ပဋိပက္ခတွေ ပေါ်ပေါက်လာတဲ့အချိန်၊ ဆရာတော်သံဃာတော်များက အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီး ပေါ်ပေါက်လာဖို့ အစပျိုးလာပြီ။ နောက်တော့ တိုင်းရင်းသားလူမျိုးများကို ကာကွယ်စောင့်ရှောက်ဖို့ အမျိုးစောင့်ဥပဒေဆိုတာကို မဘသအဖွဲ့ကြီးရဲ့ ဥပဒေအကြံပေးများက တင်ပြတဲ့အခါ ဆရာတော်သံဃာတော်များ စည်းဝေးတိုင်ပင်ပြီး အမျိုးစောင့်ဥပဒေပြဋ္ဌာန်းပေးနိုင်ဖို့ တောင်းဆိုခဲ့ကြတယ်။ အိုအိုင်စီထံက ငွေယူထားပြီးပြီဖြစ်တဲ့ NLD က လွှတ်တော်အမတ်တွေက အမျိုးစောင့်ဥပဒေကို ကန့်ကွက်တဲ့ဘက်က အသံထွက်လာတယ်။ အထူးသဖြင့် NLD ပါတီက လွှတ်တော်အမတ် ဒေါ်စန္ဒာမင်း က အမျိုးစောင့်ဥပဒေကို ကန့်ကွက်တယ်။ ပြည့်တန်ဆာဥပဒေ ကို ပြဋ္ဌာန်းပေးဖို့ လွှတ်တော်မှာ အရေးဆိုနေတယ်။
အဲဒီလို ဖြစ်လာတော့ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ ဦးဇော်ဝင်းတာဝန်ခံပြီး ကျင်းပတဲ့ အမျိုးစောင့်ဥပဒေ(၄)ရပ် အတည်ပြုပြဋ္ဌာန်းပေးနိုင်ရေး ဟောပြောပွဲမှာ ဆရာတော် ဦးဝီရသူ က "ပြည့်တန်ဆာတွေကိုတောင် ကာကွယ်မှုပေးဖို့ လိုအပ်တယ်ဆိုရင် အမျိုးကောင်းသမီးလေးတွေကို ပိုပြီး မကာကွယ်သင့်ဘူးလားဗျာ" လို့ ထိထိမိမိ ဟောပြောသွားတယ်။ မဘသ နဲ့ NLD ထိပ်တိုက်တွေ့ခဲ့ရခြင်းက အဲဒီလို အကြောင်းတရားတွေ ရှိပါတယ်။ ပြည်သူလူထုက ဒေါ်စုတစ်မျက်နှာသာ မြင်ပြီး NLD ပါတီရဲ့ ရပ်တည်ချက်၊ လုပ်ဆောင်ချက်တွေကို မြင်နိုင်စွမ်းမရှိတဲ့အခါကြတော့ မဘသ ဆရာတော်များကပဲ ဒေါ်စုကို ထိုးနှက်တိုက်ခိုက်နေသယောင် NLD လော်ဘီတွေရဲ့ လုပ်ကြံဖန်တီးရေးသားဖော်ပြမှုတွေကြောင့် မဘသ အပေါ် NLD ထောက်ခံသူတွေ က နားမလည်၊ ပါးမလည် သံဃာတော်တွေကိုပါ အယုတ္တ၊ အနတ္တအောက်လုံးထိုးပြီး စော်ကားမှုတွေ လုပ်လာကြတယ်။ လူထုကို တရားမဲ့လမ်းစဉ်ပေါ် စွဲခေါ်သွားကြပြီ။ NLD ကို ထောက်ခံအားပေးတဲ့ လူတွေဟာ လူရိုင်းတွေ ဖြစ်လာကြပြီ။ ဆင်ခြင်တုံတရား ကင်းမဲ့စွာနဲ့ သံဃာတော်တွေကို စော်ကားလာကြပြီ။ အဲဒီအချိန်ကစလို့ တိုင်းပြည်မှာ ဘေးဆိုး၊ ကပ်ဆိုးတွေ အမျိုးမျိုး ကြုံရတော့တာပါပဲ။
NLD ပါတီ အာဏာရတဲ့ကာလ ၂၀၁၆ မှ ၂၀၂၀ တိုင်းပြည်ကို ကောင်းကျိုးပြုခဲ့တာ ရှိသလား။ ပြန်ဆန်းစစ်ကြည့်အုံး။ အာဏာတော့ ရချင်တယ်။ တိုင်းရေး ပြည်ရေးကို စီမံခန့်ခွဲနိုင်ခြင်း မရှိဘူး။ နိုင်ငံခြားသာ အကြံပေး ၉၀ ကျော် ကို ငှားရမ်းပြီး ပြည်ပနိုင်ငံသားတွေရဲ့ အကြံပြုချက်အတိုင်း လိုက်ပါ လုပ်ဆောင်တယ်။ အပြုသဘောဆန်တဲ့ ကောင်းကျိုးရလာဒ် ဘာမှမရှိခဲ့ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်မယ်ဆိုတော့လည်း တိုင်းရင်းသားပါတီတွေက ပြင်ဆင်လိုတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားပေးတာမျိုး မရှိဘူး။ NLD ပါတီ အာဏာသက်ဆိုးရှည်ရေး၊ NLD ပါတီကသာ လက်ဝါးကြီးအုပ်နိုင်ရေး အတ္တတွေများလွန်တာကြောင့် မအောင်မြင်ခဲ့ဘူး။
ပြောဖို့ ကျန်ခဲ့တာလေးတစ်ခု အနည်းငယ်တော့ ဖြည့်စွက်လိုက်အုံးမယ်။ သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ NCA လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့အချိန်မှာ NLD ဥက္ကဋ္ဌ ပြည်ဖျက်မိစ္ဆာမကြီး ဒေါ်စု က ဘာပြောခဲ့သလဲ။ မှတ်မိကြမယ်ထင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေနဲ့ အလျဉ်စလို လက်မှတ်မထိုးကြပါနဲ့တဲ့။ NLD ပါတီ အာဏာရလာပြီးနောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက အောင်မြင်သလားဆိုတော့ ၂ဖွဲ့ပဲ လက်မှတ်ထိုးတာ ရှိတယ်။ ဒေါ်စုကိုယ်တိုင် က ပြည်ဖျက်မိစ္ဆာ ဖြစ်နေတာကို တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေက သိရှိသွားလို့ ထင်ပါရဲ့။
NLD ပါတီ အာဏာလက်မဲ့ဖြစ်ပြီး ၂၀၂၁ - ၂၀၂၅ ကာလ အထူးပြောဖို့လိုသေလားဗျာ။ NLD ပါတီ ဦးဆောင်သူတွေက CRPH, NUG ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေ ဖွဲ့စည်းပြီး ပြည်ပနိုင်ငံများကို ထွက်ပြေးတယ်။ ပြည်ပကနေ အကြမ်းဖက်လှုံ့ဆော်တယ်။ ပြည်တွင်းမှာ ရှိတဲ့ နီပိန်းများက PDF အကြမ်းဖက်အဖွဲ့တွေ မြောက်များစွာ ဖွဲ့စည်းတယ်။ သူတို့ကို ထောက်ခံအားပေးခြင်းမရှိတဲ့ ရဟန်းရှင်လူပြည်သူ၊ နိုင်ငံဝန်ထမ်းများကို သတ်ဖြတ်ခဲ့တာ ကိန်းဂဏန်းအားဖြင့် တစ်သောင်းကျော်သွားပြီ။ အဲဒီလောက် ယုတ်မာရိုင်းစိုင်းတဲ့ အဖွဲ့အစည်းမျိုး လွတ်လပ်ရေးရပြီး မြန်မာ့သမိုင်းမှာ အဆိုးဆုံးသော အခြေအနေကို မြင်တွေ့ခဲ့ရတယ်။
အခု နိုင်ငံတော်အစိုးရက ပြည်သူများလိုလားတောင်းတတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်လျှောက်လှမ်းဖို့ ရွေးကောက်ပွဲကျင်းပပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေတော့လည်း အဖျက်အမှောင့် အလုပ်တွေကို ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းတွေက စတင်လှုံ့ဆော်လာသလဲ။ NLD, ၈၈ နဲ့ ဆက်စပ်တဲ့ ပြည်ဖျက်မိစ္ဆာတွေကပဲ စတင်လှုံ့ဆော်လာပြီမဟုတ်ပါလား။
တော်လောက်ပါပြီဗျာ - အထက်မှာ ရေးသားပြဆိုခဲ့တာတွေနဲ့ စာရေးသူရဲ့ ခေါင်းစဉ်နဲ့ တိကျ မှန်ကန်မှု ရှိ/ မရှိ ပြန်လည်ဆန်းစစ်ကြည့်ကြပေါ့ဗျာ။ မဟုတ်မမှန် လုပ်ကြံဖန်တီးရေးတာဆိုရင် စာရေးသူရဲ့ အပြစ်၊ ဟုတ်တိုင်းမှန်စွာ ရေးသားထားခြင်း ဟုတ်/ မဟုတ်တော့ ၂၀၁၀ - ၂၀၂၅ ကာလတစ်ခုကို ပြန်လည်ဆန်းစစ်ကြည့်ရင် နီပိန်းများသည် တိုင်းပြည်နဲ့ လူမျိုးအတွက် ထာဝရ ပြည်ဖျက်မိစ္ဆာများ ဟုတ်/ မဟုတ် အဖြေရှာတွေ့ပါလိမ့်မယ်။
နီပိန်းတွေက အဲဒီလို မဟုတ်ပါဘူးဆိုရင်တော့ ဒီမိုကရေစီစံနှုန်းတွေကို မချိုးဖောက်နဲ့။ လူ့အခွင့်အရေးကို အလွန်အမင်း ချိုးဖောက်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတာကို ရပ်တန်းက ရပ်ကြ။ တိုင်းပြု ပြည်ပြု လုပ်ငန်းတွေအပေါ် အဖျက်အမှောင့်တွေကို ရှောင်ရှားကြပေါ့ဗျာ -
နောင်တော်လး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment